မန္တလေးတိုင်းဒေသကြီး

ရမည်းသင်းမြို့တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား Unique Identity ကတ်များ ပြုလုပ်ပေးလျက်ရှိ

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးရုံး၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးသိန်းထိုက်နှင့် ဝန်ထမ်းများက  ရမည်းသင်းမြို့ရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ပင်စင်ထုတ်ယူရာတွင် လွယ်လင့်တကူ ဖြစ်စေရေးအတွက်  UID (Unique Identity) ကတ်များကို ဇူလိုင် ၂၁ရက်မှစ၍ မြန်မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်ပေးလျက်ရှိသည်။

ဝမ်းတွင်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့က အခြေခံပညာအထက်တန်းကျောင်း-သဲတောတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ဆည်မြို့၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား  Unique Identity  များဆောင်ရွက်ပေးလျက်ရှိ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား UID(Unique Identity) ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးနှင့်မြန်မာ့စီးပွားရေးဘဏ်တို့ပူးပေါင်းပြီး ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်ခရိုင် သပြေသာ-ပင်တလည်-ပတ္တာ ကျေးရွာချင်းဆက်လမ်းအား ကျောက်ရောမြေခင်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသထွက်ကုန်များနှင့် ထုတ်ကုန်လုပ်ငန်းများ အချိန်တိုအတွင်းကုန်ကျစရိတ်သက်သာစွာဖြင့်သယ်ယူနိုင်ပြီးစေရန်အတွက် လမ်းတံတားများကို ရာသီမရွေးသွားလာနိုင်ရေး နှစ်စဉ်အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ် သပြေသာ-ပင်တလည်-ပတ္တာ ကျေးရွာ ချင်းဆက်လမ်းအား ကျောက်ရောမြေလမ်းအဖြစ် အဆင့်မြှင့်တင်ပေးလျက်ရှိကြောင်းသိရသည်။

မြင်းခြံမြို့ အထက-ခွဲ(အလင်းရောင်)ကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အထက-ခွဲ(အလင်းရောင်)ကျောင်းတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို ဇူလိုင် ၂၂ ရက်မွန်းလွဲပိုင်းက ပြုလုပ်ရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအးနွဲ့က ကျောင်းသားကျောင်းသူများအား ကလေးအလုပ်သမားနှင့်ပတ်သက်၍ အသိပညာပေးဟောပြောသည်။

စဉ့်ကိုင်မြို့နယ် မုန့်ပေါင်း-‌ ဇော်ဂျီ-ကံကြီး- ရွာသစ်ကျေးရွာချင်းဆက်လမ်းအား မြေသားလမ်းမှ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့်  မုန့်ပေါင်း-‌ ဇော်ဂျီ-ကံကြီး- ရွာသစ်ကျေးရွာချင်းဆက် လမ်းအား မြေသားလမ်းမှ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသည်။

တံတားဦးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် ပြပွဲများ ကျင်းပ

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံ ပညာဦးစီးဌာနတို့ပူးပေါင်းပြီး အမှတ်(၃)ရပ်ကွက် မကျီးတောအခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် အခြားထွေထွေဗဟုသုတနှင့် စာဖတ်သည့် အလေ့အထများ ရရှိစေရန် ရည်ရွယ်ပြီး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲတို့ကို ယနေ့မွန်းလွဲ(၂)နာရီက အဆိုပါ ကျောင်းတွင် ကျင်းပကြောင်း သိရသည်။

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် သတင်းရေးသားနည်းသင်တန်းပို့ချ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုပြုဌာနတွင် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးနှင့် အရည်အသွေးရှိသော သတင်းများရေးသားနိုင်ရေး သတင်းရေးသားနည်းသင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ နယ်လှည့်ကွင်းဆင်း ကျန်းမာရေးကုသဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မင်းကုန်းရပ်ကွက်အတွင်းရှိ ပြည်သူများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဘုန်းမြတ်ကိုနှင့် ကျန်းမာရေးဝန်ထမ်းများက ဦးဆောင်ကာ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေးဆရာမများနှင့် သားဖွားဆရာမများက (အခမဲ့) နယ်လှည့်ကွင်းဆင်း ကျန်းမာရေးကုသဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကုသပေးခဲ့ကြောင်း သိရသည်။

အာနန္ဒာဘုရားကြီးတောင်ဘက်နှင့် မြောက်ဘက်အာရုံခံနှင့် စောင်းတန်းနှစ်သွယ် ရွှေချလုပ်ငန်း တင်ဒါဖွင့်ပွဲ အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းရှိ ကျန်စစ်သားမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် အာနန္ဒာဘုရားကြီးတောင်ဘက်နှင့် မြောက်ဘက်အာရုံခံ စောင်းတန်းနှစ်သွယ် ရွှေချလုပ်ငန်းတင်ဒါဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အာနန္ဒာဘုရားကြီး ဂေါပကအဖွဲ့ရုံးခန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး