မန္တလေးတိုင်းဒေသကြီး

စဉ့်ကိုင်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် ပုဂ္ဂလိက/ကိုယ်ပိုင်ကျောင်းများအားလုံးတွင် ကျောင်းအပ်လက်ခံခြင်းများကို စတင်ဆောင်ရွက်ပေးနေပြီ ‌ဖြစ်‌ကြောင်းသိရသည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် မန္တလေးတိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံးတို့ ပူးပေါင်းဆောင်ရွက်သော စစ်ဆေးရေးလုပ်ငန်းသုံး အင်ဂျင်နီယာပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက်ဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် မန္တလေးတိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံးတို့ ပူးပေါင်းဆောင်ရွက်သော စစ်ဆေးရေးလုပ်ငန်းသုံး အင်ဂျင်နီယာပညာရပ်ဆိုင်ရာ အသိပညာဆွေးနွေးပွဲကို မန္တလေးတိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံး၌ မေ ၂၅ ရက် မွန်းလွဲပိုင်းက ကျင်းပသည်။

ချမ်းအေးသာစံမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးလှုပ်ရှားမှု စတင်ဆောင်ရွက်ရာ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများစည်ကားလျက်ရှိ

၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းအပ်နှံရေးလှုပ်ရှားမှုများကို ယနေ့မေ ၂၅ ရက်မှ စတင်ကျင်းပလျက်ရှိရာ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများတွင်လည်း ယနေ့နံနက်ရှစ်နာရီမှ စတင်ကာ ကျောင်းအပ်နှံမှုအခြေအနေများ ဆောင်ရွက်ခဲ့ပြီး ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ စည်ကားလျက်ရှိကြောင်း သိရသည်။

မြစ်သားမြို့နယ်၌   ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ(မြို့နယ်အဆင့်) ဆင့်ပွား ဆွေးနွေးပွဲပြီးမြောက် 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်တွင် KG/Grade-1 သင်ပြနည်းစနစ်နှင့်မူကြို သင်ပြနည်းစနစ်ချိတ်ဆက်‌ဆောင်ရွက်နိုင်‌ရေးအတွက် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ(မြို့နယ်အဆင့်) ဆင့်ပွားဆွေးနွေးပွဲပြီးမြောက်မှုအခမ်းအနားကို မေ ၂၄ ရက် မွန်းလွဲ ၂ နာရီခွဲက အခြေခံပညာနှင့်စက်မှု စိုက်ပျိုး မွေးမြူရေးအထက်တန်းကျောင်း ကျန်စစ်သားခန်းမ၌ ကျင်းပသည်။

တောင်သာမြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက်ကျောင်းအပ်နှံမှု လက်ခံခြင်းများဆောင်ရွက်

မန္တလေးတိုင်းဒသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် မေ ၂၅ ရက် နံနက် ၉ နာရီမှစတင်၍ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှု လက်ခံခြင်းများကို စတင်ဆောင်ရွက်လျက်ရှိသည်။

မြင်းခြံတက္ကသိုလ်၌ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သင်ကြားပို့ချသည့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို ယနေ့ နံနက် ၁၀ နာရီက မြင်းခြံတက္ကသိုလ် ဘက်စုံသုံးခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မလှိုင်မြို့နယ်၌ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံခြင်းလုပ်ငန်းများစတင်ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီးမလှိုင်မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများတွင်၂၀၂၆-၂၀၂၇ပညာသင်နှစ်အတွက်  ကျောင်းအပ်လက်ခံခြင်းလုပ်ငန်းများကို ယနေ့နက် ၈ နာရီမှစတင်၍   လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်၊ ပြည်သူ့စစ်မှုထမ်းအပတ်စဉ်(၁)မှ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီးသော နိုင်ငံ့သားကောင်းများအား ဂုဏ်ပြုကြိုဆိုပွဲ ကျင်းပ

‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊  ရဲမွန်တောင်ရပ်ကွက်၌ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် (၁)မှ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီးသော နိုင်ငံ့သားကောင်းများအား ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပလတ်စတစ် ညစ်ညမ်းမှုလျှော့ချရေး လှုပ်ရှားမှု Campaign ပြုလုပ်

၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ပလတ်စတစ်ညစ်ညမ်းမှုလျှော့ချရေးလှုပ်ရှားမှု Campaign ကို မေလ ၂၅ ရက်နေ့ နံနက် ၇ နာရီခွဲက မန္တလေး၊ အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်၊ ၁၉လမ်း ၈၆လမ်းရှိ ညောင်ပင်ဈေးတွင် ဆောင်ရွက်ကြသည်။

သာစည်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေ ၂၅ ရက် နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဝန်ဇင်းမင်းရာဇာခန်းမ၌  ကျင်းပပြုလုပ်ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး