မန္တလေးတိုင်းဒေသကြီး

ပြည်ကြီးတံခွန်မြို့နယ် အ.ထ.က (၃၂) တွင် လူငယ်ရေးရာဟောပြောပွဲ ကျင်းပဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အ.ထ.က (၃၂) ကျောင်း ခန်းမတွင် ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က လူငယ်ရေးရာဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျင်းပဆောင်ရွက်ခဲ့သည်။

ပြည်ကြီးတံခွန်မြို့နယ် အ-ထ-က(၃၂)ကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အ-ထ-က (၃၂)ကျောင်းခန်းမ၌ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။

ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) အစည်းအဝေးခန်းမတွင် ပြိုင်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပကာ စွမ်းရည်မြှင့်ပြိုင်ပွဲများကို ယနေ့ နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ (Community Centre) အစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့သည်။

မန္တလေးမြို့ ကချင်ပြည်နယ်သာရေးနာရေးအသင်းက (၁၂)ကြိမ်မြောက် စုပေါင်းဘုံဆွမ်းလောင်းလှူ

မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း (၈၀) ပေါ်ရှိ ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်းဂေါပကအဖွဲ့က ဦးစီး၍  မန္တလေးမြို့ ကချင်ပြည်နယ်သာရေးနာရေးအသင်းက (၁၂)ကြိမ်မြောက် (တတိယပတ်) စုပေါင်းဘုံ ဆွမ်းလောင်းလှူပွဲကို ယနေ့နံနက် ၆ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား UID (Unioue Identity) များ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးစိုးပိုင်နှင့် ဝန်ထမ်းများက၊ နိုင်ငံ့ဝန်ထမ်း အငြိမ်စားများ၊ ပင်စင်ထုတ်ယူရာတွင် ပိုမိုလျှင်မြန်လွယ်ကူစွာ ထုတ်ယူရရှိနိုင်စေရေးအတွက်၊ UID (Unioue Identity) (ခေါ်) Smart Card များကို၊ ယမန်နေ့ နံနက်က မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးစိုးပိုင်ထံမှ သိရသည်။

ပြင်ဦးလွင်မြို့တွင် နိုင်ငံ့၀န်ထမ်းပင်စင်စား(အငြိမ်းစား)များအား Biometric အချက်အလက်များနှင့် UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တွင် နိုင်ငံ့၀န်ထမ်းပင်စင်စား(အငြိမ်းစား)များအား ဇီ၀ဆိုင်ရာအချက်အလက်(Biometric)များကောက်ယူခြင်းနှင့်   UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းများကို  ဇူလိုင် ၂၁ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ပြင်ဦးလွင်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်ပေးလျက်ရှိသည်။

မြင်းခြံမြို့၌ ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လှိုက်လံနှိုးဆော်

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လှိုက်လံနှိုးဆော်ခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်ခရိုင်တွင် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် စာအုပ်၊ စာစောင်များ ပြသ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသား၊ကျောင်းသူများ ဗဟုသုတပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် စာအုပ်စာစောင်များပြသခြင်းကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သာစည်မြို့တွင် သဘာဝဘေးရှာဖွေကယ်ဆယ်ရေးအဖွဲ့ စုဖွဲ့ထားရှိမှုနှင့်ကယ်ဆယ်ရေးပစ္စည်းများ စုစည်းထားရှိမှု အခြေအနေအား စစ်ဆေးဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီမှ သဘာဝဘေးရှာဖွေကယ်ဆယ်ရေးအဖွဲ့ စုဖွဲ့ထားရှိမှုနှင့် ကယ်ဆယ်ရေးပစ္စည်းများ စုစည်းထားရှိမှုအခြေအနေအား စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့မွန်းလွဲပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီထံမှ သိရသည်။

မိတ္ထီလာခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများစုပေါင်း၍ (ပထမအကြိမ်) ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူး၍ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်း၍ (ပထမအကြိမ်) ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက မိတ္ထီလာမြို့ နဂါးရုံမဟာဗောဓိစေတီတော် ပညာဓိတန်ဆောင်းတော်၌ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး