မန္တလေးတိုင်းဒေသကြီး

တံတားဦးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် မူးယစ်ဆေးဝါးအန္တရာယ်ပကြောင်းဟောပြောပြီး ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ဇူလိုင် ၂၄ ရက်နေ့ မွန်းလွဲ(၂)နာရီက မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေးအကြောင်း အသိပညာပေးဟောပြောပွဲကျင်းပပြီး ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပကြောင်း သိရသည်။

အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ပန်းတောင်း)ကျောင်း၌ ကျောင်းအုပ်ကြီးဖလား မေဂျာပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ပန်းတောင်း)၌ ကျောင်းအုပ်ကြီးဖလား မေဂျာပေါင်းစုံဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က အဆိုပါကျောင်းရှိ ဖူဆယ်ကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ဆည်မြို့နယ်တွင် ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ကျောင်းသား၊ကျောင်းသူများ တစ်ကိုယ်ရေသန့်ရှင်းရေး၊ ကျောင်းနှင့်ဝန်ကျင်သန့်ရှိရေးများလုပ်ငန်း သိရှိလိုက်နာပြီး ကျန်းမာသန်စွမ်းစေရန်အတွက် ကျောက်ဆည်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးဆောင်မှုဖြင့်အခြေခံပညာဦးစီးဌာန၊ ကျောင်း ကျန်းမာရေးဌာန၊ မိခင်နှင့်ကလေးဌာနတို့ ပူးပေါင်းပြီး စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံက်ပိုင်းက လယ်ပြင်၊ ရေဦး၊ ကုန်းမြင့်သာ၊ ရွှေကူ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ကျန်းမာရေး အသိပညာပေးလုပ်ငန်းများ  ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် နိုင်ငံတော်လုံခြုံရေးနှင့်ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့မည့်ပစ္စည်းများ ပြင်ဆင်ထုပ်ပိုးနေမှုများကို လိုက်လံကြည့်ရှုအားပေး

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံး၌ ဇူလိုင်(၂၆)ရက်နေ့နံနက်ပိုင်းက နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့မည့်ပစ္စည်းများအား ပြင်ဆင်ထုပ်ပိုးနေမှုများကို လိုက်လံကြည့်ရှုခဲ့သည်။

၂၀၂၆ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်အပ်နှင်းနိုင်ရေးအတွက် စိစစ်ရွေးချယ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

၂၀၂၆ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်နိုင်ရေးအတွက် မန္တလေးတိုင်းဒေသကြီးအတွင်း ဂုဏ်အင်္ဂါအရည်အချင်းနှင့် လျော်ညီပြီး ပူဇော်ချီးမြှင့်ထိုက်သည့် ရဟန်း၊ သံဃာတော်များ၊ သီလရှင်များနှင့်လူပုဂ္ဂိုလ်များအား စိစစ်ရေးချယ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ (၂၅)ရက်နေ့မွန်းလွဲပိုင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ပန်းလောင်မြစ်အတွင်းသို့ ငါးသားပေါက်ကောင်ရေ (၃၀၀၀၀၀) သိန်း ငါးမျိုးစိုက်ထည့်ပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် နွားကူးကြီးကျေးရွာအနီးရှိ ပန်းလောင်မြစ်အတွင်းသို့ ငါးသားပေါက် ကောင်ရေ (၃) သိန်း ငါးမျိုးစိုက်ထည့်ပေးခြင်းကို ယနေ့နံနက် (၈) နာရီအချိန်က မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

ရေဦးမြို့တွင် ယင်လုံအိမ်သာများ စစ်ဆေးခြင်း၊ အိမ်သာခွက်နှင့်ပိုက်များထောက်ပံ့

စစ်ကိုင်းတိုင်းဒေသကြီး၊ရေဦးခရိုင် ရေ‌ဦးမြို့နယ် ဗိုလ်အောင်ဇေယျရပ်ကွက်တွင် ယနေ့နံနက် ၁၀ နာရီက  ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပူးပေါင်း၍  ယင်လုံအိမ်သာများ စစ်ဆေးခြင်း၊ အိမ်သာခွက်နှင့်ပိုက်များ ထောက်ပံ့ပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆေးတက္ကသိုလ်-မန္တလေး၏ (၅၃) ကြိမ်၊ (၅၄) ကြိမ်နှင့် (၅၅) ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊‌ ဆေးတက္ကသိုလ် မန္တလေး၏ ဘွဲ့နှင်းသဘင် အခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီက မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ ၇၈ လမ်း ၃၈ လမ်းရှိ ရတနာပုခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အောင်နိုင်တိုးစပါးအား Drum Seeder ဖြင့် မျိုးစေ့ချခြင်းကွင်းသရုပ်ပြပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တမုတ်ဆိုးကျေးရွာအုပ်စု၊ ဂျိုကျေးရွာ၊ ကွင်းအမှတ် ၅၇၀-ခ တွင် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရန်အတွက် အောင်နိုင်တိုးမျိုးစပါးကို Drum Seeder ဖြင့် မျိုးစေ့ချကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က တောင်သူဦးအောင်မျိုးထွန်း၏ လယ်ဧက ၁.၂၀ ဧကတွင် ပြုလုပ်ခဲ့သည်။

အမရပူရမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ငလျင်အန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ကြီးမှူး၍ အမရပူရမြို့နယ် အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့ နံနက် ၁၀နာရီခွဲအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး