မန္တလေးတိုင်းဒေသကြီး

မန္တလေးငလျင်ကြီးကြောင့် မဟာလောကမာရဇိန်ကုသိုလ်တော်ဘုရားကြီးပျက်စီးမှုများပြုပြင်ရန်အတွက် အလှူငွေပေးအပ်

မန္တလေးငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့သော မဟာလောကမာရဇိန်ကုသိုလ်တော်ဘုရားကြီ၏ မုခ်ဦးနှင့်ဓမ္မစေတီတော်များပြုပြင်ရန်အတွက် အလှူငွေပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ဩဂုတ် ၆ ရက် နံနက် ၉ နာရီခွဲက မန္တလေးအောင်မြေသာစံမြို့နယ် ဒေါနဘွားရပ်ကွက်ရှိ မဟာလောကမာရဇိန်ကုသိုလ်တော်ဘုရား အာရုံခံဓမ္မာရုံ၌  ကျင်းပသည်။

ညောင်ဦးမြို့ ရွှေမိုက်များ မီးဖုတ်ရွှေထုတ်လုပ်ခြင်းလုပ်ငန်း လုပ်ဆောင်လျက်ရှိ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ အနော်ရထာမင်းကြီးနှင့် ကျန်စစ်သားမင်းကြီးတို့ တည်ထားကိုးကွယ်ခဲ့သည့် ရွှေစည်းခုံစေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပြီးမြောက်ရာမှ ထွက်ရှိလာသည့် ရွှေမိုက်များ မီးဖုတ်ရွှေသန့်စင်ထုတ်လုပ်သည့် မီးဖုတ်ထုတ်ယူနေသည့် လုပ်ငန်းသို့ ယနေ့ နံနက် ၁၀ နာရီက ညောင်ဦး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် ကျေးရွာ(၄)ရွာအား ဆက်သွယ်ထားသော ကျေးရွာချင်းဆက်လမ်းအား ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ပေးသွားမည်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ မြိုပြနှင့်ကျေးလက်ကွာဟမှုမရှိစေရေး ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်တွင် တောတွင်-မယ်ဇယ်တော-ကျားအိုလေး-တုံလုံကျေးရွာ (၄)ရွာအား ဆက်သွယ်ထားသော ကျေးရွာချင်းဆက်လမ်းအား မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိရေး ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာနမှ မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိစေရေးအတွက် သမဝါယမအသင်းသား တောင်သူများအား သွင်းအားစုများ ထောက်ပံ့ပေးအပ်ခဲ့ပြီး အဆိုပါ သွင်းအားစုများဖြင့် မိုးစပါးစိုက်ပျိုးနေမှုများကို ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။          

မိတ္ထီလာမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများအား နွားနို့တိုက်ကျွေးခြင်း (School Milk Program) အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများအား နွားနို့တိုက်ကျွေးခြင်း (School Milk Program) အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အခြေခံပညာ အထက်တန်းကျောင်း (ညောင်ကိုင်းစံပြ)တွင် ကျင်းပခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးအောင် မန္တလေးမြို့အခြေစိုက် အိန္ဒိယကောင်စစ်ဝန်ချုပ်ရုံးသစ် ဖွင့်ပွဲ တက်ရောက်

မန္တလေးမြို့အခြေစိုက် အိန္ဒိယကောင်စစ်ဝန်ချုပ်ရုံးသစ် ဖွင့်ပွဲအခမ်း အနားကို ဩဂုတ်၅ရက်ညနေပိုင်းက ချမ်းမြသာစည်မြို့နယ် ၁၀၂(A)လမ်း၊ ၆၄လမ်း နှင့် ၆၅လမ်းကြားရှိ အဆိုပါ ရုံးသစ်တွင် ကျင်းပသည်။

အမရပူရမြို့နယ်၌ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား ချီးမြှင့်

မန္တလေးတိုင်းဒေသကြီး အမရပူရခရိုင်အမရပူရမြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီက ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား အလှူရှင် ဦးကျော်ဆွေတင့်က အလှူငွေကျပ် သိန်း ၅၀ ချီးမြှင့်ပေးအပ်ပွဲကျင်းပသည်။

ကျောက်ဆည်တက္ကသိုလ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တ‌ရာယ် အသိပညာပေး ဟောပြော

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် ကျောက်ဆည်တက္ကသိုလ်နှင့် ကျောက်ဆည်ခရိုင် အမှတ်(၉၂)ယာဉ်ထိန်းရဲတပ်ဖွဲ့တို့‌ပူးပေါင်း၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အန္တရာယ်အသိပညာပေးဟောပြောပွဲကို ဩဂုတ် ၅ရက် မွန်းလွဲ ၁ နာရီခွဲက တက္ကသိုလ်ရှိ THEATRE ခန်းမ၌ ကျင်းပသည်။

‎မန္တလေးတက္ကသိုလ်၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

‎မန္တလေးတိုင်းဒေသကြီး၊ မန္တလေးတက္ကသိုလ်စီးပွားရေးပညာဌာန၌ ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

ညောင်ဦးခရိုင်လူထုအခြေပြုဗဟိုဌာန၌ ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ဩဂုတ် ၅ ရက် မွန်းလွဲ ၂ နာရီက ငွေစာရင်းထိန်း သိမ်းနည်းသင်တန်းဖွင့်လှစ်သင်ကြားလျက်ရှိကြောင်းသိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး