မြစ်သားမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးစပါးစိုက်ဧက (၃၅၆)ဧကအတွက် တောင်သူလယ်သမားများအား စိုက်ပျိုးစရိတ်ဆက်လက်ထုတ်ချေးပေး
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါးစိုက်ဧက (၃၅၆) ဧကအတွက် လမ်းဂွကျေးရွာအုပ်စုရှိ တောင်သူလယ်သမားများအား ယနေ့နံနက် ၉ နာရီခွဲက အဆိုပါဘဏ်ခွဲ၌ စိုက်ပျိုးစရိတ်များ ဆက်လက်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။