မဟာအောင်မြေမြို့နယ်၌ မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာအသိပညာပေး
မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ဩဂုတ် ၂၉ ရက်က ရတနာဘုမ္မိအရှေ့ရပ်ကွက် မန်းသီရိဓမ္မာရုံနှင့် ငြိမ်းအေးချမ်းသာ ဓမ္မာရုံတို့၌ ကျင်းပသည်။