မန္တလေးတိုင်းဒေသကြီး

ချမ်းအေးသာစံမြို့နယ်တွင် မြို့နယ်အဆင့်အားကစားပြိုင်ပွဲနှင့် မြို့နယ်ပညာရေးမှူးဖလား အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပ

ကျောင်းသားလူငယ်များ အသိပညာဥာဏ်ရည်မြင့်မားစေရန်သာမက ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် မြို့နယ်အဆင့် အားကစားပြိုင်ပွဲနှင့် မြို့နယ်ပညာရေးမှူးဖလား အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ချမ်းအေးသာစံမြို့နယ် အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းရှိ အားကစားကွင်း၌ ယနေ့နံနက် ၈ နာရီ မိနစ် ၃၀ တွင် ကျင်းပခဲ့သည်။

ကျောက်ဆည်မြို့နယ်တွင် မိုးမြေပဲ ဧက  ၃၀၀  စိုက်ပျိုးထား 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်တွင် စားသုံးဆီဖူလုံပိုလျှံရေးအတွက် ဆီထွက်သီးနှံအမျိုးမျိုး စိုက်ပျိုးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးမြေပဲသီးနှံ ဧက ၃၀၀ စိုက်ပျိုးထားပြီး အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး အဝေးပြေးယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးလုပ်ငန်းကော်မတီမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ချွန်ဆုများ ချီးမြှင့်

မန္တလေးတိုင်းဒေသကြီး အဝေးပြေးယာဉ်လုပ်ငန်းများကြီးကြပ်ရေးလုပ်ငန်းကော်မတီရှိ အခြေစိုက်တိုင်းတွင်းအခြေစိုက်ယာဉ်အသင်းများမှ ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက် အသင်းဂိတ်ဝန်ထမ်းများ၏ သားသမီးများမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူးနှင့်ရိုးရိုးအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုငွေများနှင့် ဆုတံဆိပ်များ ချီးမြှင့်ခြင်းအခမ်းအနားကို ဩဂုတ် ၃၁ ရက်နံနက်ပိုင်းက ၎င်းကော်မတီရုံးတွင် ကျင်းပခဲ့သည်။

၂၀၂၅ ခုနှစ် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ကလပ်ပေါင်းစုံ ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲဆုချီးမြှင့်

၂၀၂၅ ခုနှစ် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား  ကလပ်ပေါင်းစုံ ကာယဗလနှင့် ကာယ ကြံ့ခိုင်မှုပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဩဂုတ် ၃၁ ရက် မွန်းလွဲပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ ဗထူးအားကစားခန်းမတွင် ကျင်းပသည်။ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယက တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးကာယဗလနှင့် ကာယ ကြံ့ခိုင်မှု ဆပ်ကော်မတီဥက္ကဋ္ဌ ဦးဟန်မြိုင်နှင့် ကော်မတီဝင်များက  ပြိုင်ပွဲဝင်များ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကြသည်။

ချမ်းအေးသာစံမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားစေရန်အတွက် ရည်ရွယ်ကာ ၂၀၂၅ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးအထိမ်းအမှတ် မြို့နယ်အဆင့်စာစီစာကုံးပြိုင်ပွဲကို ချမ်းအေးသာစံမြို့နယ် အမှတ် (၂၃) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

မြစ်သားမြို့နယ် ကူမဲမြို့ရှိ လမ်းဘေးစျေးဆိုင်များအား လမ်းဧရိယာအတွင်း ကျူးကျော်ရောင်းချမှုမရှိစေရေးကွင်းဆင်းကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ကူမဲမြို့ရှိ လမ်းဘေးစျေးဆိုင်များအား လမ်းဧရိယာအတွင်း up now ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းကို ယနေ့မွန်းလွဲပိုင်းအချိန်က စစ်ဆေးဆောင်ရွက်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် သွင်းအားစုများ တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံကိန်းနှင့် အကျုံးမဝင်သည့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တောင်သူများအား မိုးစပါးပန်းတိုင်အထွက်တိုး ရရှိရန်သွင်းအားစုများ တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဩဂုတ်လ (၃၀) ရက်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

မဟာအောင်မြေမြို့နယ် ရတနာပုံခန်းမ၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကျင်ပ

‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် ရတနာပုံခန်းမ၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ချမ်းအေးသာစံမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် အသိပညာပေးနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်တွင် မဲဆန္ရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးခြင်းအခမ်းအနားကို ယနေ့တွင် အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်း၊ ပန်းမျိုးတစ်ရာခန်းမတွင် ကျင်းပသည်။

ကျောက်ဆည်တက္ကသိုလ် သတ္တဗေဒဌာနမှ ကျောင်းသား၊ ကျောင်းသူများ ကျောက်ဆည်မြို့နယ် ဇီဝနည်းပညာသုတေသနဦးစီးဌာနသို့ သွားရောက်လေ့လာ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ကျောက်ဆည်တက္ကသိုလ်၊ သတ္တဗေဒဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာလဲ့လဲ့ထွန်းဦးစီး၍ ကြီးကြပ်ဆရာ၊ဆရာမများ သတ္တဗေဒဌာနမှ မဟာသိပ္ပံ (ပထမနှစ်) ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၃၅)ဦးတို့သည် ယမန်နေ့နံနက်ပိုင်းက ကျောက်ဆည်မြို့နယ်ရှိ ဇီဝနည်းပညာနှင့် သုတေသနဦးစီးဌာနသို့ Lab ခန်းများသို့ သွားရောက်လေ့လာခဲ့ရာ ကျောက်ဆည်မြို့နယ် ဇီဝနည်းပညာသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးအေးခိုင်က တွေဆုံအမှာစကား ပြောကြားခဲ့သည်။ 
Subscribe to မန္တလေးတိုင်းဒေသကြီး