မန္တလေးတိုင်းဒေသကြီး

မြင်းခြံမြို့တွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သင်ကြားပို့ချသည့် လူသုံးကုန်ထုတ်မှုနည်းပညာသင်တန်းကို စက်တင်ဘာ ၂၆ ရက်နေ့နံနက် (၁၀) နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး‌ဦးစီးဌာန Community Centre ခန်းမတွင် ဖွင့်လှစ်ခဲ့သည်။

ညောင်ဦးမြို့ ရွှေစည်းခုံစေတီတော် ဘုရားအနေကဇာတင်ခြင်းနှင့် သင်ပုတ်ပလ္လင်ပွဲတော် ရေစက်ချမင်္ဂလာအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ဒေသအတွင်းရှိ ရွှေစည်းခုံစေတီ‌တော်မြတ်ကြီး ဗုဒ္ဓဘိသေကဘုရားအနေကဇာတင်လှူပူဇော်ခြင်းနှင့် သင်ပုတ်ပလ္လင်ပွဲတော် ရေစက်ချမင်္ဂလာအခမ်းအနားကို စက်တင်ဘာ ၂၆ ရက်၊ နံနက် ၉ နာရီက ရွှေစည်းခုံဘုရားကြီး အနောက်တောင်ထောင့်ရှိ အင်္ဂါထောင့် တန်းဆောင်းတော်တွင်ကျင်းပခဲ့သည်။

ကျောက်ဆည်မြို့၌ ရိုးရာဆင်အကအလှပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးခရိုင်အဆင့် (ဒုတိယ)အကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆင်အကအလှပြိုင်ပွဲတွင် ဂုဏ်ပြုဆင်၊ ပြိုင်ပွဲဝင်ဆင်၊ မြို့မဈေးပတ်ဆင်များဖြင့် စည်ကားသိုက်မြိုက် စွာကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပွဲတော်ကြီးအောင်မြင်စွာကျင်းပနိုင်ရေး ခရိုင်အဆင့်(ဒုတိယ)အကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီက ခရိုင်လမ်းဦးစီးဌာနရိပ်သာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

‎မဟာအောင်မြေမြို့နယ်တွင် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ အချိန်မီပြီးစီးရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၌ ၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ အချိန်မီပြီးစီးရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၂၆ ရက်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ကျောက်ဆည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ်  မိုးစပါး (၅၂၃၃၄)ဧက စိုက်ပျိုးပြီးဖြစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် ဒေအအတွင်း ဆန်စပါးဖူလုံပိုလျှံရေး တိုက်နယ် (၁၂) ခု၊ ကွင်းပေါင်း (၂၂၃) ခုတွင် မိုးစပါး (၅၂၃၃၄) ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။

ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် မြို့နယ်စာရေးဆရာအသင်းနှင့် စာဖတ်ဝိုင်း ကျင်းပ

စာအုပ်စာပေဖတ်ရှုခြင်းများမှ အသိပညာဗဟုသုတများကြွယ်ဝစေရန်နှင့် စာအုပ်စာပေများကို တန်ဖိုးထားစေရန် ရည်ရွယ်ကာ ​မြို့နယ်စာရေးဆရာအသင်းနှင့်အတူ စာဖတ်ဝိုင်းအခမ်းအနားကို ချမ်းအေးသာစံမြို့နယ် Community Center ခန်းမ၌ စက်တင်ဘာ ၂၆ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

မဲစာရင်းမှန်ကန်ရေးစစ်ဆေးရာသို့ အမရပူရခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်အတွင်း လာမည့်ရွေးကောက်ပွဲအတွက် မဲစာရင်းတိကျမှန်ကန်စေရေး၊  အသက် (၁၈)နှစ်နှင့်အထက် လူဦးရေစာရင်းများ တိကျမှန်ကန်မှုရှိစေရေးအတွက် စက်တင်ဘာ ၂၅ ရက်နေ့နံနက် ၁၀ နာရီက မြို့နယ်ကော်မရှင်ရုံး၌ မြို့နယ်လဝကဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုစာရေးများ၊ မြို့နယ်ကော်မရှင်မှ ဝန်ထမ်းများက မြေပြင်ရှိလူဦးရေစာရင်းများ မှန်ကန်မှုရှိစေရေး တိုက်ဆိုင်စစ်ဆေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့ ရိုးရာဆင်အကအလှပြိုင်ပွဲတွင် ဂုဏ်ပြုဆင်၊ ပြိုင်ပွဲဝင်ဆင်၊ မြို့မဈေးပတ်ဆင်များနှင့် စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆင်အကအလှပြိုင်ပွဲတွင် ဂုဏ်ပြုဆင်၊ ပြိုင်ပွဲဝင်ဆင်၊ မြို့မဈေးပတ်ဆင်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပွဲတော်ကြီးအောင်မြင်စွာကျင်းပနိုင်ရေး ခရိုင်အဆင့် (ဒုတိယ) အကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၂၆ ရက်နေ့နံနက် (၁၀) နာရီက ခရိုင်လမ်းဦးစီးဌာနရိပ်သာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သီတင်းကျွတ်ရုံးပိတ်ရက် လေ့လာစရာ များပြားလွန်းသည့် ပုဂံဒေသ လေ့လာသင့်သော နေရာများ

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေလို့ ကြားလိုက်ရရင်ဖြင့် ရွှေစည်းခုံစေတီ၊ တုရင်တောင်စွယ်တော်မြတ်စေတီ၊ လောကနန္ဒာစွယ်တော်မြတ်စေတီနှင့် မြစ်တစ်ဘက်ကမ်း တုရင်တောင်စွယ်တော်မြတ်စေတီတို့အပြင် အာနန္ဒာဘုရား၊ ထီးလိုမင်းလိုဘုရား၊ အလိုတော်ပြည့်ဘုရား၊ ရွှေဆံတော်ဘုရား၊ ဓမ္မရာဇကဘုရား၊ ဗူးဘုရားတို့ကို ပြေးမြင်မိမှာ မလွဲဧကန်ဖြစ်နေလိမ့်မည်။

မလှိုင်မြို့နယ် ကလေးစာဖတ်ခန်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး A to Z စာလုံးဆက်ပြိုင်ပွဲ ကျင်းပ

မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် စက်တင်ဘာ ၂၆ ရက်နေ့နံနက် ၁၀ နာရီအချိန်က စာကြည့်တိုက်သို့ စာငှား၊ စာဖတ် လာရောက်ကြသည့် မူလတန်းအဆင့် ကလေးများစုပေါင်းကာ စာဖတ်ရှိန်မြှင့်တင်ရေး A to Z စာလုံးဆက်ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး