မန္တလေးတိုင်းဒေသကြီး

ချမ်းအေးသာစံမြို့နယ်အတွင်းရှိ မဲရုံပြုလုပ်မည့်နေရာများအား တာဝန်ရှိသူများမှ လိုက်လံကြည့်ရှု

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ မဲရုံပြုလုပ်မည့်နေရာများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် လိုက်လံကြည့်ရှုခဲ့ကြသည်။

ချမ်းအေးသာစံမြို့နယ်၌ မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေး အားကစားပြိုင်ပွဲများ ကျင်းပ

ကျောင်းသား၊ ကျောင်းသူများအား အသိဥာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရန်သာမက ကိုယ်ကာယကျန်းမာကြံ့ခိုင်မှုရှိစေရန်အတွက်  ချမ်းအေးသာစံမြို့နယ် ပညာရေးမှူးရုံးအနေဖြင့် မြို့နယ်အဆင့်လူရည်ချွန် ရွေးချယ်ရေး အားကစားပြိုင်ပွဲများကို  ခလရ ၉၅ အတွင်းရှိ အားကစားကွင်း၌  ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

သာစည်မြို့နယ်မီးသတ်ဦးစီးဌာနက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး မီးဘေးလုံခြုံရေး ကွင်းဆင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်မီးသတ်ဦးစီးဌာနက မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး မီးဘေးလုံခြုံရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုတို့ကို ဒီဇင်ဘာ ၅ ရက်နံနက် က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက မဲပေးသည့်စက်ဖြင့် ဆန္ဒမဲပေးနည်း သရုပ်ပြပွဲပြုလုပ်

မြို့နယ်ရွေးကောက်ပွဲကျင်းပရေးကော်မရှင်က မဲပေးသည့်စက်ဖြင့်ဆန္ဒမဲပေးနည်း သရုပ်ပြပွဲပြုလုပ်ကို ဒီဇင်ဘာလ ၅ ရက်နေ့နံနက် ၉ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ပုလဲငွေရောင်ရပ်ကွက်၊ အကွက်၊ ၁၅၃၊ လမ်း ၂၀×၈၂ လမ်းထောင့်၊ တဝဂူမြတ်စွာဘုရားဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

အမရပူရမြို့နယ်၌ လူရည်ချွန်ရွေးချယ်စာမေးပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တွင် ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်စာမေးပွဲကို ဒီဇင်ဘာ ၃ ရက်နေ့မှ ဒီဇင်ဘာ ၄ ရက်နေ့အထိ ဆင်စွယ်ပွတ်ရပ်ကွက်ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ချမ်းမြသာစည်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဆင်းပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ မီးသတ်ဦးစီးဌာန သင်တန်းခန်းမတွင် ယနေ့နံနက် ၉ နာရီက အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း (၁/၂၀၂၅) ဆင်းပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

 မိတ္ထီလာမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး မြေစိုက်ပိုစတာများ စိုက်ထူ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ မြေစိုက်ပိုစတာများကို ဒီဇင်ဘာလ ၄ ရက်နေ့က လူစည်ကားရာနေရာများတွင် စိုက်ထူထားရှိကြောင်း သိရသည်။

မလှိုင်မြို့နယ်တွင် မိုးစပါးစံကွက် ရိတ်သိမ်း

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါးကွင်းပြတ် စံကွက်ရိတ်သိမ်းခြင်းကို ဒီဇင်ဘာ ၄ ရက်နေ့က ရုံးတောကျေးရွာအုပ်စု၊ ကျောင်းစုကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်အတွင်း ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ တိုက်ဆိုင်စိစစ်

‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်အတွင်းရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများမှန်ကန်မှုရှိစေရေး ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာခြင်းမှ ပုံစံ (၃) ၊ (၄) ၊ (၄-ဂ) စာရင်းများ တိုက်ဆိုင်စိစစ်ခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်သည်။

ကျောက်ဆည်မြို့နယ်၌ လူရည်ချွန်ရွေးချယ်ခြင်း အားကစားပြိုင်ပွဲများ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ဉာဏ်ပညာထူးချွန်ထက်မြတ်ပြီး ကိုယ်ကာယကျန်းမာသန်စွမ်း၍ အကျင့်စာရိတ္တကောင်းမွန်သည့် ကျောင်းသားလူငယ်များ ပေါ်ထွန်း လာစေရန်ရည်ရွယ်၍ လူရည်ချွန်စာမေးပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကျောက်ဆည်ခရိုင်အားကစားကွင်းတွင် လူရည်ချွန်ရွေးချယ်ခြင်း အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး