ရန်ကုန်တိုင်းဒေသကြီး

ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း တောင်ငူကေတုမတီမြို့ဟောင်းနှင့် ပဲခူး ဟံသာဝတီမြို့ဟောင်း ပြန်လည်ဖော်ထုတ်ထိန်းသိမ်းထားရှိမှုများ ကြည့်ရှုစစ်ဆေး

ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် ယနေ့ နံနက်ပိုင်းတွင် တောင်ငူမြို့ရှိ ကေတုမတီမြို့ဟောင်းဖော်ထုတ်ထိန်းသိမ်းထားရှိမှု အခြေအနေများအား ကြည်ရှုစစ်ဆေးသည်။

ကျောက်တန်းမြို့နယ်၌ ရက် (၁၀၀) အထူးစီမံချက်ဖြင့် အိမ်ထောင်စုလူဦး‌‌ရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) ပြည့် အထူးစီမံချက်ဖြင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ အသက် (၁၀) နှစ်ပြည့် နိုင်-၃ (က)နှင့် အသက် (၁၈) နှစ်ပြည့် နိုင်-၆ (က)များ ထုတ်ပေးနိုင်ရေးအတွက် ယမန်နေ့က ကျောက်တန်းမြို့နယ် ရွှေပြည်သာယာရပ်ကွက်ဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်သည်။

ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့ နံနက်ပိုင်းက အမှတ် (၁၅)၊ (၁၂၄) ရပ်ကွက်များ၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပန်းချီသင်တန်းဆင်းပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပန်းချီသင်တန်းဆင်းပွဲအခမ်းအနားကို ဧပြီ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

ထန်းတပင်မြို့နယ်၌ “သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေး” ဆိုင်ရာ အသိပညာပေးဟောပြော

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်အတွင်းရှိ  ကျောင်းသား၊ ကျောင်းသူများနှင့် ရပ်ကွက်၊ ကျေးရွာနေပြည်သူများအား မီးခိုးမြူငွေ့ညစ်ညမ်းမှုဆက်စပ်ပုံနှင့် လေထုညစ်ညမ်းမှုကြောင့် လူသားတို့၏ လူမှုစီးပွားဘဝများ ထိခိုက်နိုင်မှုများကို သိရှိနာလည်စေရန် ရည်ရွယ်၍ “သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေး” ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို  ယနေ့နံနက်ပိုင်းက ဓနဲရိကျေးရွာအုပ်စု၊ ဓနဲရိကျေးရွာ အ.မ.ကကျောင်းနှင့် အေးရွာလေးကျေးရွာ ဘုန်းတော်ကြီးကျောင်းတို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်ရှိ ပညာတံခွန်ကျောင်းတိုက်တွင် သိက္ခာထပ်၊ မုခ်ဦးနှင့် သံတံခါး ရေစက်ချ အလှူတော်မင်္ဂလာကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ (၁၅၇)ရပ်ကွက်၊ ဆင်ဖြူရှင်လမ်းရှိ ပညာတံခွန် ကျောင်းတိုက် ဦးစီပဓာန နာယက ဆရာတော် ဘဒ္ဒန္တတေဇိန္ဒ (မဟာသဒ္ဒမ္မ ဇောတိကဓဇ) နှင့် အရှင်ယသ(သာသနဓဇဓမ္မာစရိယ)အရှင်သူမြတ်များအား ပုနောပသမ္ပဒါသိက္ခာထပ်၊ မုခ်ဦးနှင့် သံတံခါး ရေစက်ချ အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီ အချိန် အဆိုပါကျောင်းတွင်ပြုလုပ် ဆောင်ရွက်ခဲ့သည်။

ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်တွင် ဝန်ထမ်းများနှင့် ဘုရားဖူးလာပြည်သူများမှ “ဒဿမ” အကြိမ် ဒါနဥပပါရမီ စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဆိပ်ကမ်းလုပ်သား‌ပေါင်းစုံဓမ္မာရုံတွင် ပြုလုပ်သော စေတီတော်ဝန်ထမ်းများနှင့် ဘုရားဖူးလာပြည်သူများမှ “ဒဿမ” အကြိမ်မြောက် ဒါနဥပပါရမီ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက် (၉)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ရက် ၁၀၀ စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်း ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးမှ အစိုးရသစ်လက်ထက် ရက် ၁၀၀ ကာလအတွင်း စီမံချက်ဖြင့် အသက် ၁၀ နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူများအား နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းပြုလုပ်ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီတွင် ညောင်ကျေးရွာ၊ အောင်မင်္ဂလာဘုန်းကြီးကျောင်းတွင် ကွင်ဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

ရက်(၁၀၀)စီမံချက်ဖြင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏  နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်‌ပေးခြင်းနှင့် Biometric ကောက်ယူကာ UID ကတ်ထုတ်ပေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက အမှတ်(၅၅)ရပ်ကွက် ဓမ္မာရုံ၌  မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား

တောင်ဥက္ကလာပမြို့နယ် ၂၅-၄-၂၀၂၆ ရက်နေ့  ၅ နာရီ ၂ မိနစ်ခန့်အချိန်တွင် အမှတ်(၅)ရပ်ကွက် သုမင်္ဂလာလမ်း အမှတ်(၁၀၆၀/၃)ဆိုင်ခန်းပိုင်ရှင် ဦးစိုးလှိုင် လပြည့်ဝန်း Gas ဆိုင် (၂)ထပ်အဆောက်အဦ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး