ရန်ကုန်တိုင်းဒေသကြီး

ကွမ်းခြံကုန်းမြို့နယ်၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ဆဌမအကြိမ် ချေးငွေထုတ်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ဆဌမအကြိမ် ချေးငွေပြန်လည်ထုတ်ပေးခြင်းကို ယမန်နေ့က သပြုစမ်း‌ကျေးရွာအုပ်စု၊ ကွမ်းခြံစုကျေးရွာ၌ ထုတ်ပေးခဲ့ကြောင်း သိရသည်။

သန်လျင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အခြေခံအင်္ဂလိပ်စာသင်တန်းနှင့် ပန်းချီရေးဆွဲနည်းသင်တန်း ဖွင့်လှစ်သင်ကြား

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်အားလပ်ချိန်များတွင် အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေရေး အထောက်အကူပြုသည့် ဉာဏစွမ်းရည်ဘာသာရပ်များ တတ်မြောက်စေရန် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ နွေရာသီအခြေခံအင်္ဂလိပ်စာသင်တန်းနှင့် ပန်းချီရေးဆွဲနည်းသင်တန်း ဖွင့်လှစ်သင်ကြားခြင်းကို ယနေ့နံနက် (၁၀) နာရီက ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

လူထုအခြေပြုဗဟိုဌာန (ကော့မှူး) ၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြော

သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်‌ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယ‌မန်နေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌   အခြေခံကာတွန်းရေးဆွဲနည်းသင်တန်း အခမဲ့ ဖွင့်လှစ်သင်ကြား

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ နွေရာသီအခြေခံကာတွန်းရေးဆွဲနည်းသင်တန်း(အခမဲ့)ကို ယမန်နေ့နေ့လယ် (၂)နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သာကေတမြို့ အမှတ်(၁)စျေး မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် မီးဘေးလုံခြုံရေး စစ်ဆေးအသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်ရှိ အမှတ်(၁)စျေး မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် မီးဘေးလုံခြုံရေး စစ်ဆေးအသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဆောင်လမ်းညွှန်မှုဖြင့် ယမန်နေ့ နံနက်ပိုင်းက  အဆိုပါ စျေးကြီးရှေ့တွင် ဆောင်ရွက်ခဲ့သည်။

မရမ်းကုန်းမြို့နယ်တွင် ကိုယ်ရည်ကိုယ်သွေးအခြေပြု စိတ်လူမှုပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းရပ်များ အလုပ်ရုံဆွေးနွေးပွဲအခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်ရှိ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း(ရန်ကုန်)၌ ဉာဏရောင်စဉ်လူမှုပြန်လည်ဖွံ့ဖြိုးရေးအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ကိုယ်ရည်ကိုယ်သွေးအခြေပြု စိတ်လူမှုပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းရပ်များ အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့  ညနေ ၄ နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

မြောက်ဥက္ကလာမြို့နယ်၌ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်း ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဒဂုံမြို့သစ်(အ​ရှေ့ပိုင်း) မြို့နယ်တွင် မီးခိုးမြူ​ငွေ့ညစ်ညမ်းမှုဆိုင်ရာ အသိပညာ​​ပေး​ဟောပြောပွဲနှင့် စွန့်ပစ်ပစ္စည်းများအား သဘာဝ​မြေသြဇာအဖြစ် အသုံးပြုခြင်းဆိုင်ရာ လက်​တွေ့ဆောင်ရွက်

ရန်ကုန်တိုင်း​ဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အ​ရှေ့ပိုင်း)မြို့နယ်ရှိ ရှမ်းတဲကြီး အ​ရှေ့ပိုင်းကျေးရွာတွင် မီးခိုးမြူ​ငွေ့ညစ်ညမ်းမှုဆိုင်ရာ အသိပညာ​​ပေး​ဟော​ပြောပွဲနှင့် စွန့်ပစ်ပစ္စည်းများအား သဘာဝ​မြေသြဇာပြုလုပ်၍ ပြန်လည်အသုံးပြုခြင်းဆိုင်ရာ လက်​တွေ့​ဆောင်ရွက်ခြင်းတို့အား မတ်လ ၄ ရက်နေ့ ညနေ ၃နာရီ ၃၀ မိနစ်အချိန်က ​ဆောင်ရွက်ခဲ့ရာ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ရွာ​သူ/ရွာသားများ တက်ရောက်ခဲ့သည်။

ကျောက်တံတားမြို့နယ်၌ အခြေခံကွန်ပျူတာသင်တန်းနှင့် ပန်းချီသင်တန်းများ အခမဲ့ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူလူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ အခြေခံကွန်ပျူတာသင်တန်းနှင့် ပန်းချီပညာသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ဖွင့်လှစ်ခဲ့သည်။ ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်ရွှေက သင်တန်းများဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ပြောကြားပြီးနောက် Book Club အဖွဲ့ဥက္ကဋ္ဌ ညွန့်ညွန့်(ကလော)နှင့် ပန်းချီဆရာမ မြရည်နန္ဒာတို့က သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြသည်။

ကော့မှူးမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ထောက်ပံ့ငွေပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ တွံ​တေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းသို့ အကြမ်းဖက်ဖြစ်စဉ်ကြောင့် ပြောင်းရွှေ့ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာလာသူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့‌ကြောင်း သိရသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး