အင်းစိန်မြို့နယ်၌ စာဖတ်ရှိန်မြှင့်မားလာရေးအတွက် Mobile Library Bus ဖြင့် စာအုပ်များသွားရောက်ငှားရမ်းပေး
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတများတိုးပွားရရှိပြီး စာဖတ်ရှိန်ပိုမိုမြင့်မားလာစေရန်ရည်ရွယ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (Mobile Library Bus) ဖြင့် ဝန်ထမ်းများ၊ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအရောက် စာအုပ်များသွားရောက်ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့က အင်းစိန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာရုံးနှင့် မြို့နယ်သစ်တောဦးစီးဌာန ရုံးဝန်ထမ်းများထံသို့ သွားရောက်ပြီး သုတ/ ရသစာအုပ်၊ စာစောင်မျိုးစုံယူဆောင်၍ သွားရောက်ငှားရမ်းပေးခဲ့သည်။