ရန်ကုန်တိုင်းဒေသကြီး

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြော

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အ‌ရှေ့ပိုင်း)မြို့နယ်၌ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အင်းစိန်ခရိုင်ရဲတပ်ဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့သည် ယမန်နေ့ (၁း၃၀)နာရီက ရွှေလင်ဘန်းစက်မှုဇုံ၊ စက်မှုဇုံစီမံခန့်ခွဲရေးကော်မတီရုံး၊ ကနောင်ခန်းမတွင် ပြုလုပ်သည်။

ရန်ကုန်မြို့၊ မြန်မာကွန်ဗင်းရှင်းစင်တာ(MCC)၌ (၂၀)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲ ကျင်းပ

(၂၀)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) တွင်  ကျင်းပသည်။

အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းဆေးကုသမှုအစီအစဉ်ဖြင့် ထန်းတပင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနေပြည်သူ (၄၀၀) ကျော်တို့အား လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့

ရန်ကုန်တိုင်းဒေသကြီးကုသရေးဦးစီးဌာန၊ လှိုင်သာယာပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဦးဆောင်သော အထူးကုဆရာဝန်ကြီးများအဖွဲ့သည် မေလ(၁၆)ရက်နေ့၊ နံနက်ပိုင်းက ထန်းတပင်မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းဆေးကုသမှုအစီအစဉ်ဖြင့် ရပ်ကွက်/ကျေးရွာနေ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးခဲ့ရာ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ နေပြည်သူလေးရာသုံးဆယ်ကျော်တို့အား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

သံတမန်တွေ့ဆုံပွဲ (Diplomatic Coffee Morning) ကျင်းပ

နိုင်ငံခြားရေးဝန်ကြီးဌာန၏ စီစဉ်ဆောင်ရွက်မှုဖြင့် ရန်ကုန်မြို့အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ သံတမန်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံသည့် သံတမန်တွေ့ဆုံပွဲ (Diplomatic Coffee Morning) တစ်ရပ်ကို ယမန်​နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဗိုလ်တထောင်မြို့နယ်၌ လွတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်နေပြည်သူများအား ဥပဒေအသိပညာပေးရှင်းလင်းပွဲကျင်းပ

ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၌ ဥပဒေအသိပညာပေးဟောပြောပွဲကို မေလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီခွဲက ဗိုလ်တထောင်မြို့နယ်အမှတ်(၄)ရပ်ကွက်၊ အမျိုးသားစီမံခန့်ခွဲမှု ပညာဒီဂရီကောလိပ်ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။

မင်္ဂလာတောင်ညွန့်မြို့နယ်၌ ရှုပ်ထွေးနေသော ဝိုင်ဖိုင်ကြိုးများ ရှင်းလင်း 

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင် မင်္ဂလာတောင်ညွန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ရှုပ်ထွေးလျက်ရှိသော Wifi ကြိုးများ ရှင်းလင်းနိုင်ရေးအတွက်ယမန်နေ့နံနက်(၁၀) နာရီကအစည်းအဝေးကျင်းပသည်။

စမ်းချောင်းမြို့နယ်တွင် ရပ်ကွက်‌‌အေးချမ်းသာယာရေး တရားဥပဒေစိုးမိုးရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊အလုံခရိုင် စမ်းချောင်းမြို့နယ်တွင် ရပ်ကွက်‌‌အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး အသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယမန်နေ့က မြေနီကုန်း (ဓမ္မာရုံ)၌ ကျင်းပ‌‌ဆောင်ရွက်သည်။

တွံတေးမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲနှင့် မှုခင်းပညာပေး လက်ကမ်းစာစောင်များ ဝေငှပေး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၌ ဒေသတွင်း တည်ငြိမ်အေးချမ်းရေး၊ ရပ်ရွာဖွံ့ဖြိုးတိုးတက်စေရေးနှင့် မှုခင်းကျဆင်းစေရေး ရည်ရွယ်၍ ရက် (၁၀၀) စီမံချက်ဖြင့် မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲနှင့် မှုခင်းပညာပေး လက်ကမ်းစာစောင်များ ဝေငှပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ရွှေဆံတော်ရပ်ကွက်၊ တိလောကဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကော့မှူးမြို့နယ် မြို့မဈေး၌ ရေစီးရေလာကောင်းမွန်စေရေးဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် ကော့မှူးမြို့နယ် မြို့မဈေးတွင် ယမန်နေ့ ညနေပိုင်းကက ဈေးအတွင်းရှိ ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများ ဆယ်ယူခြင်းလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် မာဂဓီသာစည် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ၊ ပြပွဲ၊ပြိုင်ပွဲများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အမှတ်(၁၃)ရပ်ကွက်၊ မာဂဓီသာစည်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်  လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ၊ ပြပွဲ၊ပြိုင်ပွဲများ ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၁၁) နာရီက ဆောင်ရွက်ခဲ့သည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး