ရန်ကုန်တိုင်းဒေသကြီး

ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် မှုခင်းကျဆင်း‌ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး အသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် ပြည်သူလူထုအား သိရှိလိုက်နာနိုင်စေရန် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရဲတပ်ဖွဲ့မှ ရက် (၁၀၀) စီမံချက်ဖြင့် မှုခင်းကျဆင်းရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၁) နာရီခွဲက အမှတ် (၁၅) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။

လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင် ၂၀၂၆- ၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းတာ၀န်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင် ၂၀၂၆- ၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းတာ၀န်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီ၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

တွံ​တေးမြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ​တော်ဝင်စန္ဒကူးခန်းမ၌ ကျင်းပသည်။

မြောက်ဥက္ကလာပမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့်စွ န့်ပစ်အမှိုက်စီ မံခန့်ခွဲမှုဆိုင်ရာ အသိပညာပေး (Public Awareness) ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊မရမ်းကုန်းခရိုင်၊မြောက်ဥက္ကလာပမြို့နယ်၌ ပြည်သူများ အမှိုက်စွန့်ပစ်ရာတွင် အမှိုက်စို၊ အမှိုက်ခြောက်၊ ပလတ်စတစ်၊ ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများ စနစ်တကျခွဲခြားစွန့်ပစ်နိုင်ရေး၊ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုလျော့ပါးစေရေးနှင့် စနစ်တကျအမှိုက်စွန့်ပစ်နိုင်ရေးတို့အတွက် ရက်(၁၀၀)စီမံချက်ဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးနှင့် သန့်ရှင်းရေးဌာနမှစွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေး(Public Awareness)အစီအစဉ်ကို ယနေ့  နံနက် ၉ နာရီအချိန် မြောက်ဥက္ကလာပမြို့နယ် သုဓမ္မာလမ်း ၊ ‌ဥက္ကလာသီရိပန်းခြံရှေ့တွင် ဆောင်ရွက်ခဲ့သည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ မှုခင်းကျဆင်းရေးအသိပညာပေးဟောပြောပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပြည်သူလူထုအား သိရှိလိုက်နာနိုင်စေရန်  မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁၁)နာရီက စစ်ပင်တောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။

ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် (၉) နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

(၂၀)ကြိမ်မြောက် အရှေ့တောင်အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင် မြန်မာအသင်းအနေဖြင့် ရွှေတံဆိပ် ၁၀  ခု ၊ ငွေတံဆိပ် ၆ ခု၊ ကြေးတံဆိပ် ၉ ခု၊ စုစုပေါင်း ဆုတံဆိပ် ၂၅ ခုတို့ကို ဆွတ်ခူးရရှိခဲ့ပြီး နိုင်ငံအလိုက် အဆင့် ၁ ရရှိ

(၂၀)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းကစတင်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကွန်ဗင်းရှင်းစင်တာ MCC ခန်းမ၌ ဆက်လက်ကျင်းပခဲ့ရာ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီ၊ ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ Datuk Paul Chua၊ အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ Mr. Phumvarin Chunhawongvarit၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးဗိုလ်ဌေး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပြိုင်ပွဲဝင်(၈)နိုင်ငံမှ အုပ်ချုပ်သူ၊ နည်းပြများနှင့်အားကစားသမားများ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြည်သူ့အတွက် ရက် (၁၀၀) စီမံချက်ဖြင့် ဆောင်ရွက်သည့် ထရန်စဖော်မာ (၂) လုံးဖွင့်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြည်သူ့အတွက်ရက် (၁၀၀) စီမံချက်ဖြင့် ဆောင်ရွက်သည့် 11-6.6/0.4kv,200 kVA ထရန်စ‌ဖော်မာ (၂) လုံးတည်ဆောက်ပြီးစီး၍ ဓါတ်လွှတ်ဖွင့်လှစ်သည့် အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် လွတ်လပ်ရေးရပ်ကွက်၊ ၉၇ လမ်းတွင် မဲဆန္ဒနယ်အမှတ် (၃) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဇော်ကလည်းကောင်း၊ ပုသိမ်ညွန့်ရပ်ကွက်၊ ၁-လမ်းတွင် အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ် ဦးဝင်းလှိုင်ကလည်း‌ကောင်း ဓာတ်လွှတ်ဖွင့်လှစ်ပေးခဲ့ပါသည်။

တံတားမြို့တွင် ရက် ၁၀၀ စီမံချက်ဖြင့် မှုခင်းကျဆင်းရေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ စင်မ‌ကော်ကျေးရွာတွင် ရပ်ကွက်၊ ကျေးရွာအုပ်စုများ၌ မှုခင်းဖြစ်ပွားမှုလျော့နည်းကျဆင်းစေရေး၊ ပြည်သူများ သိသင့်သိထိုက်သည့် ဥပဒေများကို သိရှိနိုင်စေနိုင်ရန်ရည်ရွယ်၍ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောခြင်း အခမ်းအနားကို ယနေ့နံနက် (၉) နာရီက စင်မကော်ကျေးရွာအုပ်ချုပ်‌‌ရေးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ထန်းတပင်မြို့နယ်၌ ဆဋ္ဌမအကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာစာမေးပွဲနှင့် ဆုနှင်းသဘင်ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီခရိုင် ထန်းတပင်မြို့နယ်သံဃနာယကဆရာတော်များနှင့်ဦးဆောင် ဆရာတော်များဦးစီးကျင်းပသည့် ဆဋ္ဌမအကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာစာမေးပွဲနှင့်ဆုနှင်း သဘင်အခမ်းအနားကို မေ ၁၇ ရက်က အစုကြီးကျေးရွာအုပ်စု သီတာအေးကျေးရွာရှိ ဓမ္မပါလကျောင်း တိုက်ကြီးတွင်ကျင်းပသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး