ရန်ကုန်တိုင်းဒေသကြီး

ကော့မှူးမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အတွက် “နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာစိုက်ထူခြင်းအခမ်းအနားကို ယနေ့နံနက်(၈)နာရီက ကော့မှူးမြို့နယ်မြို့မဈေးရှေ့၊ မြို့နယ်ပညာရေးမှူးရုံးရှေ့နှင့် အခြေခံပညာ အထက်တန်းကျောင်း (ကော့မှူး)ရှေ့၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

တိုက်ကြီးမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်ဆိုင်းဘုတ်စိုက်ထူပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ် ဆိုင်းဘုတ်စိုက်ထူပွဲကို ယနေ့နံနက် ၉ နာရီက စုပေါင်းရုံးလမ်းထိပ်နှင့် ဂျိုးဖြူကန်လမ်းထိပ်တွင် စုပေါင်းစိုက်ထူကြသည်။

ရွှေတောင်မြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်စိုက်ထူပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်စိုက်ထူခြင်းကို မေလ(၂၁)ရက်နေ့ နံနက်(၉း၃၀)နာရီအချိန်က ရွှေတောင်မြို့နယ်ပညာရေးမှူးရုံးရှေ့တွင် ပြုလုပ်သည်။

ပုဇွန်တောင်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက်  “နိုင်ငံတော် စဥ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့”  ကျောင်းအပ်နှံရေး သီတင်းပတ် မြေစိုက်ပိုစတာများ စိုက်ထူ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အတွက် “နိုင်ငံတော်စဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်း အပ်နှံကြပါစို့”  ကျောင်းအပ်နှံရေး သီတင်းပတ်မြေစိုက်ပိုစတာများစိုက်ထူခြင်းကို ယနေ့နံနက် ပိုင်းက  ပုဇွန်တောင်ဈေးနှင့်အခြေခံပညာကျောင်းများတွင် ဆောင်ရွက်ခဲ့သည်။

အင်းစိန်မြို့နယ်၌ စာဖတ်ရှိန်မြှင့်မားလာရေးအတွက် Mobile Library Bus ဖြင့် စာအုပ်များ သွားရောက်ငှားရမ်းပေး

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ကျောင်းသူများအား အသိပညာဗဟုသုတများ တိုးပွားရရှိ‌ပြီး စာဖတ်ရှိန် ပိုမိုမြင့်မားလာစေရန် ရည်ရွယ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (Mobile Library Bus) ဖြင့် ဝန်ထမ်းများ၊ပြည်သူများနှင့် ကျောင်းသား၊ကျောင်းသူများ လက်ဝယ်အရောက် စာအုပ်များ သွားရောက်‌ငှားရမ်းပေးလျက်ရှိရာ ယနေ့ မေလ -၂၁ ရက်‌နေ့တွင် အင်းစိန်မြို့နယ်‌ စည်ပင်သာယာရေးဦးစီးဌာရုံးနှင့် အကျဥ်းဦးစီးဌာနဝန်ထမ်းအိမ်ရာများထံသို့ သွားရောက်ပြီး သုတ/ရသ စာအုပ်၊စာစောင်မျိုးစုံ ယူဆောင်၍ သွားရောက်ငှားရမ်းပေးခဲ့သည်။

သင်္ဃန်းကျွန်းမြို့နယ်၌ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူခြင်း အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူခြင်း အခမ်းအနားအား အဆိုပါကျောင်းရှေ့၌ ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်တန်းမြို့နယ် ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ မြေစိုက်ပိုစတာစိုက်ထူပွဲ အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ မြေစိုက်ပိုစတာစိုက်ထူပွဲအခမ်းအနားကို အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း (သောက)ရှေ့၊ ရွှေမှော်၀န်းသာသနာဗိမ္မာန်ရှေ့၊ ၂၁၆ ကား၀င်းရှေ့တို့၌ ယနေ့နံနက်ပိုင်းက စိုက်ထူဖွင့်လှစ်ခဲ့သည်။

မြောက်ဥက္ကလာပမြို့နယ်၌ ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် ကျောင်းပတ်၀န်းကျင် သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်အတွက် “နိုင်ငံတော်စဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ကျောင်းအပ်နှံရေး သီတင်းပတ်မြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် ကျောင်းပတ်၀န်းကျင် သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။

မြောက်ဥက္ကလာပမြို့နယ်၌ ရက်(၁၀၀)စီမံချက်အတွင်း တရားဥပ‌ဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မိမိအသက်ပဓာနမထားဘဲ သေနတ်ကိုင်ဓားပြ ၃ ဦးအား ဝိုင်း၀န်းဖမ်းဆီးခဲ့သူများအား  ဂုဏ်ပြုမှတ်တမ်းလွှာ‌ပေးအပ်

ရန်ကုန်တိုင်းဒေသကြီး ၊မရမ်းကုန်းခရိုင် ၊မြောက်ဥက္ကလာပမြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀)စီမံချက်အတွင်း တရားဥပ‌ဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မိမိအသက် ပဓာနမထားဘဲ မိမိရပ်ရွာ ကာကွယ်လိုစိတ်ဖြင့် သေနတ်ကိုင် ဓားပြ ၃ ဦးအား ဝိုင်း၀န်းဖမ်းဆီးခဲ့သူများအား  ဂုဏ်ပြုမှတ်တမ်းလွှာ‌ပေးအပ်ခြင်းကို ယနေ့နေလယ် ၂ နာရီအချိန် (၂)ရပ်ကွက် ၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ရေစီးရေလာကောင်းမွန်ရေး စက်ယန္တယားကြီးများဖြင့် ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်ခရိုင်၊ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မြို့နယ်အတွင်း  ရေစီးရေလာကောင်းမွန်ရေးအတွက် အမှတ်(၄၂)ရပ်ကွက် ဦးဝိစာရလမ်းနှင့် ဗိုလ်မှူးဗထူးလမ်းထောင့်တွင် ယနေ့နံနက် ၇ နာရီက စက်ယန္တယားကြီးများဖြင့် ဆောင်ရွက်ခဲ့သည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး