ရန်ကုန်တိုင်းဒေသကြီး

တိုက်ကြီးမြို့နယ်၌ VDP စီမံကိန်းဖြင့် ကျေးရွာတွင်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပြည်သူ့အတွက် ကြိုးပမ်းဆောင်ရွက်မှုအနေဖြင့် VDP စီမံကိန်းဖြင့် ကျောင်းကုန်းကျေးရွာ၌ ကျေးရွာတွင်းလမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။

သန်လျင်ခရိုင်ဥပဒေရုံးသို့ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ ကြည့်ရှုစစ်ဆေး

‎ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးသည် ဒုတိယဝန်ကြီး ဒေါက်တာထိန်လင်းဦး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်ဖြူမာဝေတို့အဖွဲ့သည် ယမန်နေ့နံနက် (၁၀)နာရီခွဲအချိန်က သန်လျင်ခရိုင် ဥပဒေရုံးသို့ရောက်ရှိပြီး သန်လျင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ခရိုင်ဥပဒေအရာရှိ ဦးမင်းမင်းလတ်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမြင့်ဌေး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးတင့်နှင့် ကော်မတီအဖွဲ့ဝင်များ၊ ဥပဒေအရာရှိများ၊ တာဝန်ရှိသူများတို့မှ ကြိုဆိုခဲ့ကြသည်။

မြောက်ဥက္ကလာပမြို့နယ်၌ ကမ္ဘာ့ကြက်ခြေနီ‌နေ့အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားနှင့် အခြေခံသင်တန်းဆင်းအောင်လက်မှတ် ပေးအပ်ပွဲပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့၌ ၂၀၂၆ ခုနှစ်၊ မေ ၈ ရက်နေ့တွင်ကျရောက်ခဲ့သော ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် ဂုဏ်ပြုပွဲအခမ်းအနားနှင့် အခြေခံသင်တန်းဆင်းအောင်လက်မှတ်ပေးအပ်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)ရုံးခန်းမတွင် ပြုလုပ်ခဲ့သည်။

စမ်းချောင်းမြို့နယ်၌ Football For School Program ဘောလုံးသင်တန်း ဖွင့်လှစ်သင်ကြားနေမှုအား တာ၀န်ရှိသူများ ကြည့်ရှုအားပေး

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၊ ရှင်စောပုရပ်ကွက်၊ ပဒုမ္မာအားကစားကွင်း၌ Football For School Program ဘောလုံးသင်တန်း ဖွင့်လှစ်သင်ကြားနေမှုအား တာ၀န်ရှိသူများက ယမန်နေ့က ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ကော့မှူးမြို့နယ်အတွင်း တရားဥပ​ဒေစိုးမိုးရေးနှင့်​ ဒေသဖွံ့ဖြိုး​ရေးအတွက် ကျေးရွာနေပြည်သူများနှင့် တွေ့​ဆုံ​

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ ကညင်ငူကျေးရွာအုပ်စု၊ ရွာဦးဘုန်းတော်ကြီးကျောင်းဓမ္မရုံ၌‌ ကျေးရွာနေပြည်သူများအား တရားဥပ​ဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုး​ရေးအတွက် ​တွေ့​ဆုံ​ဆွေး​နွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

ကျောက်တန်းမြို့နယ်၌ မီးဘေးလုံခြုံရေးစစ်ဆေးထောက်ခံချက် (Fire Safety Certificate) သက်တမ်းတိုးခြင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ သီလဝါပြည်တွင်းစက်မှုဇုန်၊ မင်းကြီးမဟာမင်းခေါင်လမ်း၊ မြေကွက်အမှတ်(၅၀)ရှိ မာလာမြိုင်ဓာတ်မြေဩဇာလုပ်ငန်းအား မီးဘေးလုံခြုံရေးစစ်ဆေးထောက်ခံချက် (Fire Safety Certificate) သက်တမ်းတိုးဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ​အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်ဖြင့် မြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေနုတ်မြောင်းများ၊ ချောင်းများနှင့် မြစ်ထွက် ပေါက်များအားရှင်းလင်းခြင်း၊ အမှိုက်များဆယ်ယူခြင်းနှင့် စက်ယန္တရားကြီးများဖြင့် တူးဖော်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးအောင်နိုင်သူနှင့်အဖွဲ့ဝင်များ ကွင်းဆင်း​ကြည့်ရှုခဲ့ကြောင်း သိရသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ တွံတေးတူးမြောင်းဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဧရိယာနှင့် မလွတ်ကင်းသည့် အဆောက်အဦးနှင့် မြေနေရာများအတွက် နစ်နာကြေးပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ တွံတေးတူးမြောင်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဧရိယာနှင့် မလွတ်ကင်းသည့် ဆိပ်ကြီးအနောက်၊ ခနောင်တိုအရှေ့နှင့် သခင်ဘသောင်းရပ်ကွက်တို့တွင် တွံတေးတူးမြောင်းပိုင်မြေနေရာရှိ အဆောက်အဦနှင့် မြေနေရာများအတွက် နစ်နာကြေးပေးအပ်ခြင်းကို မေလ ၂၂ ရက် နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

တွံတေးမြို့နယ်တွင် ဇီဝလုံခြုံမှုအစီအမံကို အကောင်အထည်ဖော်၍ ရေချိုပုစွန်တုပ်ကြီးသားဖောက်ခြင်းနှင့် အသားတိုးမွေးမြူခြင်း အခြေခံသင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ငါးလုပ်ငန်းသိပ္ပံ(တွံတေး) ကျောင်း၌ ဇီဝလုံခြုံမှုအစီအမံကို အကောင်အထည်ဖော်၍ ရေချိုပုစွန်တုပ်ကြီးသားဖောက်ခြင်းနှင့် အသားတိုးမွေးမြူခြင်း အခြေခံသင်တန်းဖွင့်လှစ်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါ ငါးလုပ်ငန်းသိပ္ပံ(တွံတေး)ကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ အခြေခံပညာမူလတန်းပြ ဆရာ/ ဆရာမများ အင်္ဂလိပ်စာအရည်အသွေးတိုးတက်မှုမြှင့်တင်ရေး (Main Course) သင်တန်းဆင်းပွဲတက်ရောက်

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်အစိုးရအဖွဲ့ ဝန်ကြီးများသည် သင်္ဃန်းကျွန်းမြို့နယ် စက်မှုစိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းကျောင်း သုဝဏ္ဏတွင် ကျင်းပပြုလုပ်သည့် ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် အခြေခံပညာမူလတန်းပြ ဆရာ/ ဆရာမများအား အင်္ဂလိပ်စာအရည်အသွေးတိုးတက်မှုမြှင့်တင်ရေး (Main Course) သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး