ရှမ်းပြည်နယ်

ကာလိမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အသင်းတို့ပူးပေါင်း၍ စာရေးဆရာဖေမြင့် ရေးသားသော ဘဝတိုးတက်မှုအတွက် စာဖတ်ခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ညနေက ပြုလုပ်ခဲ့သည်။

ကျိုင်းတုံမြို့၌ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း နည်းပြသင်တန်းဖွင့်

ပညာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ပူးပေါင်းကျင်းပသည့် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း နည်းပြသင်တန်းဖွင့်ပွဲကို ယမန်နေက ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံတက္ကသိုလ် ခေမာရဌ်ခန်းမတွင်ကျင်းပသည်။‌

ကျိုင်းတုံမြို့၌ သံဃနာယကနှင့် ဝိနည်းဓိုရ်ဆင့်ပွားသင်တန်းဖွင့်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ သံဃနာယကနှင့်ဝိနည်းဓိုရ် ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း(ကျိုင်းတုံ)တွင် ကျင်းပရာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးတင်လင်း၊ ပြည်နယ်သာသနာရေးမှူး ဦးကိုကိုအောင်၊ အလှူရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။‌

ကျိုင်းတုံမြို့၌ (၃၁)နှစ်မြောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပ

(၃၁)နှစ်မြောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နှစ်ပတ်လည်နေ့ အခမ်းအနားကို ယမန်နေ့က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံး(ကျိုင်းတုံ)တွင် ကျင်းပသည်။

မိုင်းယောင်းမြို့၌ စာတော်ပြန်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်း သာသနာ့ဗိမ္မာန်တော်၌ ယမန်နေ့က ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းတိုက်များမှ စုပေါင်းကျင်းပသော ပထမအကြိမ် သဒ္ဓမ္မပါလ စာတော်ပြန်ပွဲအခမ်းအနား ကျင်းပကြောင်း သိရသည်။

ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူ ကျောင်းပြင်ပရောက်ကလေးများ ကျောင်းသို့ပြန်လည်ရောက်ရှိရေး Placement Test(အထူးအစီအစဉ်)စာမေးပွဲဖြေဆိုနေမှုအား ကြည့်ရှုအားပေး၊ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် လှယဉ်ကျေးမယ်ပြိုင်ပွဲကျင်းပနိုင်ရေး အစည်းအဝေးတက်ရောက်

ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူသည် ရှမ်းပြည်နယ်ပညာရေးမှူး‌နှင့်တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက တောင်ကြီးမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းပြင်ပရောက်ကလေးများ (မူလတန်းဆင့်နှင့်အလယ်တန်းဆင့်)ကျောင်းသို့ပြန်လည်ရောက်ရှိရေး Placement Test (အထူးအစီအစဉ်) စာမေးပွဲဖြေဆိုနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေ ကောင်းမွန်သောရေသတ္တဝါမွေးမြူရေးကျင့်စဉ်(GAqP) သင်တန်းဖွင့်ပွဲ၊ လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်းဖွင့်ပွဲ တက်ရောက်

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေသည် တာဝန်ရှိသူများနှင့်အတူ ကောင်းမွန်သောရေသတ္တဝါမွေးမြူကျင့်စဉ်(GAqP) သင်တန်းဖွင့်ပွဲ၊ လယ်ယာသုံး စက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်းဖွင့်ပွဲများသို့ ယမန်နေ့ နံနက်ပိုင်းက တက်ရောက်ဖွင့်လှစ်ကြောင်း သိရသည်။

မိုင်းရယ်မြို့ ပြည်သူ့စာကြည့်တိုက်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြိုနယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကဦးစီး၍ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယနေ့နေ့လည် ၁ နာရီက မြိုနယ်ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ပြုလုပ်သည်။

မက်မန်းမြို့ Community Centre ခန်းမတွင် အခမ်းအနားမှူးသင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အရည်အချင်းပြည့်ဝပြီး ကျွမ်းကျင်ပိုင်နိုင်သည့် အခမ်းအနားမှူးကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ အခမ်းအနားမှူးသင် တန်းကို ဇွန်လ ၁၃ ရက်နေ့က မက်မန်းခရိုင် Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်း ကျင်းပ

စာအုပ်စာပေဝါသနာပါသူ (Club) အဖွဲ့ဝင်များစုစည်း၍ စာရေးဆရာ ဖေမြင့်၏ “ဘဝတိုးတက်မှုအတွက် စာဖတ်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Subscribe to ရှမ်းပြည်နယ်