ရှမ်းပြည်နယ်

မိုင်းရယ်မြို့နယ် မဲဆန္ဒနယ်မှ လွှတ်‌တော်အသီးသီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများ စတင်ကြေညာ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် မဲဆန္ဒနယ်မှ ၂၀၂၅ ခုနှစ် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေ‌ရွေးကောက်ပွဲကြီး၏ လွှတ်တော်အသီးသီးတွင် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများကို ကြေညာထားရှိမှုများအား ယနေ့နံနက်(၉)နာရီက မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဉက္ကဋ္ဌ ဦးစိုးမင်း‌အောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကျေးရွာမဲရုံများတွင် မဲစာရင်းလာရောက် ကြည့်ရှုမှုများအား လိုက်လံကြည့်ရှုပါသည်။

မိုင်းရယ်မြို့နယ် မဲဆန္ဒရှင်စာရင်းများကြေညာမှုအား ကျေးရွာများထိကွင်းဆင်းကြည့်ရှု

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် မဲဆန္ဒနယ်မှ ၂၀၂၅ ခုနှစ် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေ‌ရွေးကောက်ပွဲကြီး၏ လွှတ်တော်အသီးသီးတွင် ဆန္ဒမဲပေးပိုင် ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများကို ကြေငြာထားရှိမှုများအား ယနေ့နံနက်(၉)နာရီက မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဉက္ကဋ္ဌ ဦးစိုးမင်း‌အောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကျေးရွာမဲရုံများတွင် မဲစာရင်းလာရောက် ကြည့်ရှုမှုများအား လိုက်လံကြည့်ရှုပါသည်။

နောင်ချိုမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းနှင့် ဆေးကုသခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် နောင်ချိုမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ကျန်းမာရေး အသိပညာပေးဟောပြောခြင်းနှင့် ဆေးကုသခြင်းလုပ်ငန်းများကို ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မက်မန်းမြို့တွင် MCCT အာဟာရ အသိပညာပေး ဟောပြောပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာနမှကြီးကျင်းပသည့် MCCT အဟာရ  အသိပညာပေးဟောပြောပွဲကို ယမန်နေ့က မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အောင်ပန်းမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်း‌ကျောင်း၌ စက်မှုလက်မှုပညာသင်တန်းနှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းအမှတ်စဉ်(၅)သင်တန်းဆင်းပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီး ဌာန၊ပညာ‌ရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ စက်မှုလက်မှု ပညာသင်တန်းကျောင်း အောင်ပန်းမြို့၌ ယမန်နေ့နံနက် ၉ နာရီက စက်မှုလက်မှုပညာ သင်တန်းနှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းအမှတ်စဉ်(၅)သင်တန်းဆင်းပွဲ ကျင်းပခဲ့ရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရွာငံမြို့နယ်၌ ဖွံ့ဖြိုးရေးတက္ကသိုလ်၊ ကောလိပ်များသို့တက်ရောက်နိုင်မည့် ဝင်ခွင့်စာမေးပွဲဖြေဆို

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးဒီဂရီ ကောလိပ် (ရန်ကုန်နှင့်စစ်ကိုင်း)ပထမနှစ်ဝိဇ္ဇာ၊သိပ္ပံနှင့်အေဂျီတီအိုင်သင်တန်းများ၊၂၀၂၅-၂၀၂၆ပညာသင်နှစ် ပြည်‌ထောင်စု တိုင်းရင်းသားဖွံ့ဖြိုးရေးတက္ကသိုလ်တွင်ပညာသင်ကြားရန်အတွက် လူတွေ့ဖြေဆိုခြင်းကို ယမန်နေ့နံနက် (၉) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

လားရှိုးမြို့ လူငယ်သင်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအတွက် အလှူငွေများ ပေးအပ်လှူဒါန်း

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ကြီးကြပ်မှုဖြင့် ခရိုင်အဆင့်ဌာနဆိုင်ရာများပူးပေါင်း၍ လားရှိုးမြို့ လူငယ်သင်တန်းကျောင်းရှိ ကျောင်းသားကျောင်းသူများအတွက် အလှူငွေများပေးအပ်လှူဒါန်းခြင်းကို ယနေ့ညနေပိုင်းက  အဆိုပါကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

စက်မှုလက်မှုသင်တန်းကျောင်း(အောင်ပန်း)၌ စက်မှုလက်မှုပညာသင်တန်းနှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်း အမှတ်စဉ် (၅) သင်တန်းဆင်းပွဲ ကျင်းပ

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် မူဝါဒ (၄)ရပ်၊ ရည်မှန်းချက် (၇)ရပ်၊ လုပ်ငန်းစဉ် (၁၈)ရပ်ချမှတ်ပြီး နယ်စပ်ဒေသတွင်ရှိသည့် တိုင်းရင်းသားလူမျိုးများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းနှင့်ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်း အမှတ်စဉ် (၅) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက စက်မှုလက်မှုသင်တန်းကျောင်း(အောင်ပန်း)တွင် ကျင်းပခဲ့သည်။

လားရှိုးတက္ကသိုလ် သန့်ရှင်းသာယာလှပ‌စေရေး အများပြည်သူအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ပြည်နယ်အစိုးရအုပ်ချုပ်‌ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)က ကြီးကြပ်၍ လားရှိုးတက္ကသိုလ် သန့်ရှင်းသာယာလှပစေရေး အများပြည်သူအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၇) နာရီက ဆောင်ရွက်သည်။

လားရှိုးတွင် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေး ကျား၊ မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေး ကျား၊ မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Subscribe to ရှမ်းပြည်နယ်