လားရှိုးမြို့တွင် ပြည်နယ်အဆင့် သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် သစ်တောဦးစီးဌာနမှ ကြီးမှူး၍ ပြည်နယ်အဆင့် သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို နိုဝင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်သစ်တောဝင်းအတွင်းရှိ ချယ်ရီရိပ်သာရှင်းလင်းဆောင်ခန်းမ၌ ကျင်းပခဲ့ရာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) အဖွဲ့ဝင် ဦးစိုင်းဝင်းနောင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။