ရှမ်းပြည်နယ်

မက်မန်းမြို့တွင် “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင် ဖြန့်ဝေ

ရှမ်းပြည်နယ် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေးအတွက် “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်ကို ယမန်နေ့က မက်မန်းမြို့ပေါ် ရပ်ကွက်များတွင် အခမဲ့ဖြန့်ဝေပေးခဲ့သည်။

မိုင်းရှူးမြို့၌ “ဒို့အတူတူမဲပေးကြမည်” လက်ကမ်းစာစောင် ဖြန့်ဝေ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲမေးပိုင်ခွင့်ရှိသည့် ပြည်သူများအားလုံး ပါဝင်မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲအောင်မြင်ရေး လှုံ့ဆော်မှု လက်ကမ်းစာစောင်များအား ယနေ့နံနက်ပိုင်းက စျေးဆိုင်ခန်းများနှင့် လူစည်ကားသည့်နေရာများ၌ လိုက်လံဖြန့်ဝေသည်။

ကျောက်တလုံးကြီးမြို့တွင် “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲမေးပိုင်ခွင့်ရှိသည့် ပြည်သူများအားလုံး မဲပေးနိုင်ရေးအတွက် “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော်ရေး လက်ကမ်းစာစောင်များကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် ယနေ့နံနက်ပိုင်းမှစတင်၍ ဖြန့်ဝေလျက်ရှိသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင် သံလွင်တံတား (တာဆန်း) တည်ဆောက်ရေးလုပ်ငန်းပြီးစီးမှုအခြေအနေနှင့် ဒေသဖွံ့ ဖြိုးရေး (လမ်းတံတား) များ ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်သည် ပြည်နယ်အဆင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက် (၉) နာရီက လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်ရှိ သံလွင်တံတား (တာဆန်း) တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကွန်ဟိန်းမြို့၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲအား ယနေ့နံနက် (၉) နာရီခန့်က အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းတုံသို့ ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦး‌နေဝင်းအောင်နှင့် အဖွဲ့များမှ လမ်းတံတားများ တည်ဆောက်မှု အခြေအနေအား ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ တာဆန်းသို့ ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦး‌နေဝင်းအောင်နှင့် အဖွဲ့များသည့် ၂၀၂၅ ခုနှစ်၊ ယမန်နေ့ နံနက် ၁၀ နာရီ မိနစ် ၂၀ အချိန်တွင် ရောက်ရှိပြီး တံတားအမှတ်(၁/၁၈၅) သံလွင်တံတား/ တာဆန်းတံအ‌ရှည် ၈၇၆ ပေ (၂၆၆.၈၆၁ မီတာ) တံတားခန်းဖွင့် ၁၁ မီတာ× ၁ ခန်း) ၂၄.၅ မီတာ× ၁ ခန်း)+ (၁၂၀ မီတာ× ၁ ခန်း)+ ၁၈.၂၈၇ မီတာ× ၃ ခန်း တံတားအမျိုးအစား အောက်ခံအုပ်မြစ် RCC Bored Plle ,တံတားကိုယ်ထည်- RC Concrete တံတားအပေါ်ထည်-35 Span Continuous Steel Truss& RC slab အကျယ် ၂၃ ပေ(၇ မီတာ) ရေလမ်းကင်လွှတ်အကျယ်-၂၈၀ ပေ၊ ရေလမ်းကင်လွှတ်အမြင့်- ၃၄ ပေ ခန့်မှန်စီမံကိန်းတန်ဖိုး ပြည်ထောင်စု ငွေလုံးငွေရငါရန်ပုံငွေ (၂၄၀၀၀၀၀) သန်း ၆-၂-၂၀၁၉ ရက်နေ့တွင်

လဲချားမြို့နယ်တွင် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်တွင် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်‌နေ့ မွန်းလွဲ ၂ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ဆောင်ရွက်ခဲ့ပါသည်။

ပင်းတယမြို့တွင် “ဒို့အတူတူ မဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော်ရေးလက်ကမ်းစာစောင်များအား ဖြန့်ဝေ

‎ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲအောင်မြင်ရေး  လှုံ့ဆော်မှုလက်ကမ်းစာစောင်များအား ပင်းတယမြို့တွင် လမ်းသွားလမ်းလာပြည်သူများ၊ စာသင်ကျောင်းများရှိပါက လေးမိဘအုပ်ထိန်းသူများကို ယမန်နေ့မှစတင်၍ ဖြန့်ဝေလျက်ရှိသည်။

ကွန်ဟိန်းမြို့၌ ဒို့အတူတူ မဲပေးကြမယ်လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊  ကွန်ဟိန်းမြို့နယ်တွင် ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် (၁၈) နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့် ရှိစေရန်နှင့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရန် ရည်ရွယ်၍  ဒို့အတူတူ မဲပေးကြမယ်လက်ကမ်းစာစောင်များကို ယနေ့ နံနက် (၉) နာရီက လူစည်ကားရာ မြို့မစျေးရှေ့တွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။ 
Subscribe to ရှမ်းပြည်နယ်