မာန်အောင်မြို့ ထာဝရအဖြူရောင်သူငယ်ချင်းများအဖွဲ့မှ ဆန်အခက်အခဲရှိသော အခြေခံလူတန်စားမိသားစု (၅၀၀)တို့အား ဆန်ထောက်ပံ့လှူဒါန်း
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် မြို့ပေါ်(၅)ရပ်ကွက်အတွင်းရှိ ဆန်အခက်အခဲရှိနေသော အခြေခံလူတန်းစားမိသားစု (၅၀၀)တို့အား စားသောက်ရေးအဆင်ပြေစေရန်အတွက် “ထာဝရအဖြူရောင် သူငယ်ချင်းများအဖွဲ့”မှဆန်ထောက်ပံ့လှူဒါန်းခြင်းကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က အ-ထ-က(ခွဲ)စျေးတန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။