ဘူးသီးတောင်အကျဥ်းထောင်မှ နိုင်ငံတော်လွတ်ငြိမ်းသက်သာခွင့်ဖြင့် အကျဉ်းသား/ အကျဉ်းသူ (၄၈)ဦး လွတ်ငြိမ်းခွင့်ရရှိ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဇန်နဝါရီလ(၄)ရက် နေ့တွင် ကျရောက်သည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသော အားဖြင့်လည်းကောင်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် ဘူးသီးတောင်အကျဉ်းထောင်မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန်အမှတ်(၁/၂၀၂၄)အရ အကျဥ်းသား/အကျဉ်းသူများ လွတ်ငြိမ်းခွင့်ပေးခြင်း အခမ်းအနားကို ယမန်နေ့နေ့လယ် ၁၂ နာရီအချိန်က ဘူးသီးတောင်မြို့ အကျဥ်းဦးစီးဌာန မြတ်ရတနာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။