ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်း စစ်တွေမြို့ပေါ်ရှိ ဆရာတော်ကြီးများအားဖူးမြော်၊ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်း

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့ပေါ်ရှိ ဆရာတော်ကြီးများအား သွားရောက်ဖူးမြော်ပြီး လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။

ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)၌ (၁၃)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ ကွန်ပျူတာတက္ကသိုလ် (စစ်တွေ)၏ (၁၃) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့နေ့လယ်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပသည်။

ကျိန္တလီမြို့ အ.မ.က (စံပြ)ကျောင်းတွင် ပညာရေးစုံညီပွဲတော်ပဒေသာကပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ အ.မ.က(စံပြ)ကျောင်းတွင် (၂၀၂၃-၂၀၂၄) ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ပဒေသာကပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။

သံတွဲခရိုင်​ခရီးစဉ်​ ဒေသစီမံခန့်​ခွဲ​ရေးအဖွဲ့ လုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေးကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်​၊ ခရီးစဉ်​ဒေသစီမံခန့်​ခွဲ​ရေးအဖွဲ့ လုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေးကို ယမန်နေ့ နံနက် ၁၁ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ သံတွဲခရိုင်​ ခရီးစဉ်​ဒေသစီမံခန့်​ခွဲ​ရေးနှင့် ငပလီဟိုတယ်ဇုန်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့ရှိ ဝန်ထမ်းအိမ်ရာများအား လှည့်လည်ကြည့်ရှု၊ ဟင်းသီးဟင်းရွက်များစိုက်ပျိုး ဖြစ်ထွန်းနေမှုအား ကြည့်ရှုအားပေး

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများနှင့် ဝန်ထမ်းအိမ်ရာများအား လှည့်လည်ကြည့်ရှုပြီး ဟင်းသီးဟင်းရွက်များစိုက်ပျိုး ဖြစ်ထွန်းနေမှုအား ကြည့်ရှုအားပေးကြသည်။

အ.ထ.က(ခွဲ)ငကျော်တောင်ကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန် ဆုချီးမြှင့်ပွဲကျင်းပ

ရခိုင်ပြည်နည်၊ သံတွဲမြို့၊ အ.ထ.က(ခွဲ)ငကျော်တောင်ကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်သည်။

အ.ထ.က (ကျိန္တလီ) ကျောင်းတွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီလ ၂၅ ရက်နေ့ နေ့လယ်ပိုင်းက အ.ထ.က (ကျိန္တလီ)ကျောင်းတွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခဲ့ကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေတက္ကသိုလ်အတွင်း ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှု ကြည့်ရှုအားပေး၊ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံ

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက စစ်တွေတက္ကသိုလ်အတွင်း ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှု ကြည့်ရှုအားပေးပြီး တက္ကသိုလ်ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံကြသည်။

ကျောက်ဖြူမြို့၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး အဆောက်အအုံ စာရင်းမှတ်တမ်းတင်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းတရပ်ဖြစ်သော အဆောက်အအုံစာရင်းတင်ခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက ခရိုင်/မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်၍ ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

ဂွမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်ဆောင်ရွက်

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေလေ့လာဖတ်ရှုမှုများတိုးပွားစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်‌ရေးအဖြစ် ယမန်နေ့ နေ့လယ်ပိုင်းက ဌာနဆိုင်ရာရုံးများသို့သွားရောက်ပြီး နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြ‌သည်။
Subscribe to ရခိုင်ပြည်နယ်