ရခိုင်ပြည်နယ်

ရမ်းဗြဲမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ Woman Club အဖွဲ့ဝင်များနှင့်စာဖတ်ဝိုင်းပြုလုပ်

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် ယနေ့နေ့လယ် ၁၂ နာရီအချိန်က Woman Club အဖွဲ့ဝင်များနှင့် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့်  ခေါင်းဆောင်မှု အတွေး၏ အရေးပါမှု  စာအုပ်ဖြင့်  စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြသည်။

သံတွဲမြို့နယ်ရှိ GTIကျောင်းသား၊ကျောင်းသူများအား ကျောင်းပိတ်ရက်များတွင် ဝင်ငွေရရှိစေမည့် အခွင့်အလမ်းများဆောင်ရွက်ပေး

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ်တွင် လူငယ်များအချိန်ကိုတန်ဖိုးရှိစွာ အသုံးပြုတတ်စေရန်နှင့် လူစွမ်းအားအရင်းအမြစ်ဖွံဖြိုးတိုးတက်စေရန်ရည်ရွယ်၍ GTI ကျောင်းသား၊ ကျောင်းသူများအား ကျောင်းပိတ်ရက် စနေ၊ တနင်္ဂနွေ နေ့များတွင်ဝင်ငွေရရှိစေသည့် အလုပ်အကိုင်အခွင့်အလမ်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ရသေ့တောင်မြို့ ပြည်သူ့စာကြည့်တိုက် မြေစိုက်နံရံကပ်တွင် အလုပ်လျှောက်လွှာကြော်ငြာစာများအား ပြသထားရှိ

ရခိုင်ပြည်နယ်၊ စစ်‌တွေခရိုင်၊ရ‌သေ့တောင်မြို့ ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနရှိ  မြေစိုက်နံရံကပ်တွင် အလုပ်လျှောက်လွှာကြော်ငြာစာများကို အများပြည်သူများ ဖတ်ရှုလေ့လာနိုင်ရေးအတွက်  ပြသဆောင်ရွက်ထားရှိသည်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ကျင်းပနိုင်ရေး လုပ်ငန်းညိနှိုင်းအစည်းအဝေးပြုလုပ်

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ နိုဝင်ဘာလ ၁၇ ရက်နေ့တွင်ကျရောက်မည့် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

မာန်အောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် စာအုပ်၊စာစောင်များ (အခမဲ့)ငှားရမ်းပေး

ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများမှ ယနေ့ နံနက် ၁၁ နာရီအချိန်ကရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် မြို့သစ်ရပ်ကွက်ရှိ  မြို့နယ်ဆက်သွယ်ရေးစခန်း(စာတိုက်)ရုံးသို့သွားရောက်၍  စာအုပ်၊ စာစောင်များအား အခမဲ့ ငှားရမ်းပေးခဲ့ကြသည်။

မာန်အောင်မြို့နယ်တွင် မြို့နယ်အဆင့်( ၀.၁၀ )ဧကအရွယ် မိုးစပါးစံကွက်ရိတ်သိမ်းကျင်းပ

မာန်အောင်မြို့နယ်၊ ခအုန်းမော်ကျေးရွာအုပ်စု၊ ခအုန်းမော်ရွာသစ်ကျေးရွာ၌ တောင်သူ ဦးမောင်သိန်း၏ လယ်မြေတွင် ဆင်းသွယ်လတ်မျိုးစပါးအား (Rs to Cs) မျိုးစေ့ထုတ်နည်းပညာများအတိုင်း စိုက်ပျိုး ဆောင်ရွက်ထားသည့် မိုးစပါးစိုက်ခင်းတွင် မြို့နယ်အဆင့်မိုးစပါး (၀.၁၀) အရွယ်ကို ရိတ်သိမ်းခြွေလှည့်စက်ဖြင့် စံကွက်ရိတ်သိမ်းပွဲအား ယမန်နေ့က ကျင်းပခဲ့သည်။

ကျောက်တော်မြို့၌ ထက်၊လယ်၊မူ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၊ မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမအတွင်း၌ ထက်၊လယ်၊မူ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲအား ယမန်နေ့နံနက် ၁၀ နာရီအချိန်က အဆိုပါရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။

ပေါက်တောမြို့နယ်၌ ကိုဗစ်-၁၉ရောဂါဒုတိယလှိုင်းကူးစက်ခံခဲ့ရသူများအား ဂျပန်နိုင်ငံမှလှူဒါန်းသောဆန်ကို ASEAN+3 နိုင်ငံများ၏အစီအစဉ်ဖြင့်လှူဒါန်း

ရခိုင်ပြည်နယ် စစ်တွေခရိုင် ပေါက်တောမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါဒုတိယလှိုင်းကူးစက်ခံခဲ့ရသူများအား ဆန်ထောက်ပံ့လှူဒါန်းပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ကျောက်ဖြူမြို့ပင်လယ်ကမ်းခြေတွင် နံနက်စောစောထလမ်းလျောက်သူများ၊ ကျန်းမာရေး လေ့ကျင့်ခန်းပြုလုပ်သူများဖြင့် အထူးစည်ကား

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ပင်လယ်ကမ်းခြေတွင် ယနေ့နံနက်အရုဏ်တက် ၅ နာရီ ကျော်အချိန်ခန့်မှစ၍ စောစောထလမ်းလျောက်ကြသူများ၊ အပြေးလေ့ကျင့်သူများ၊ စက်ဘီးစီးသူများနှင့် ကျန်းမာရေးလေ့ကျင့်ခန်းပြုလုပ်ကြသူများဖြင့် အထူးစည်ကားများပြားလျက်ရှိ သည်။

တောင်ကုတ်မြို့၌ အခြေခံပညာထက်၊ လယ်၊ မူကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်း ဆောင်ရည်မြင့်မားရေး မြို့နယ်အဆင့်အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀)နာရီအချိန် က အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပသည်။
Subscribe to ရခိုင်ပြည်နယ်