ဂွမြို့နယ်တွင် မိုးရာသီ အခြေခံတိုက်ကွမ်ဒိုသင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိ
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနက မိုးရာသီအခြေခံ တိုက်ကွမ်ဒိုသင်တန်းကို ရဟိုင်ကွင်းကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်းမှ မူလတန်းနှင့် အလယ်တန်းရှိ ကျောင်းသား၊ ကျောင်းသူများအတွက် ဇူလိုင်လ ၁၄ရက်နေ့မှ စတင်ပြီး ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။