ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ (၇၆) နှစ်မြောက် အာဇာနည်‌နေ့အထိမ်းအမှတ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ (၇၆)နှစ်မြောက် အာဇာနည်‌နေ့အထိမ်းအမှတ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းကို ယမန်နေ့နံနက် ၈ နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမတွင် ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

မအီမြို့ ဂျီဖြူတောင် အ-ထ-က(ခွဲ)တွင် (၇၆)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်  စာစီစာကုံးပြိင်ပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ ဂျီဖြူတောင်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ၂၀၂၃ ခုနှစ်၊ ဇူလိုင် (၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အထက်တန်း/ အလယ်တနိးအဆင့် စာစီစာကုံး ပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မအီမြို့တွင်မအီမြို့တွင်  ကျောင်းသား/ကျောင်းသူများ သန်ကောင်ရောဂါ မဖြစ်ပွားစေရေးအတွက် သန်ချဆေးများ တိုက်ကျွေးပေး

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ အာဟာရရက် သတ္တပတ်အနေဖြင့်  မအီမြို့နယ်အတွင်းရှိ အခြေခံပညာကျေးများရှိ ကျောင်းသူ/ကျောင်းသားများအား  သန်ချဆေးများ တိုက်ကျွေးပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မအီမြို့၊  အခြေခံ ပညာအထက်တန်းကျောင်း၌ ကျောင်းသူ/ကျောင်းသားများအား သံချဆေးများတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် စုပေါင်းထွန်ယက်ပွဲ၊ စူပါဘိုကာရှိမြေဆွေးပုံလက်တွေ့ ပြုလုပ်ပြသခြင်း၊ ပျိုးခင်းများအား မြေဩဇာစုပေါင်းကြဲပက်ခြင်းနှင့် ကွင်းသရုပ်ပြပွဲဆောင်ရွက်နေမှုအား တက်ရောက်အားပေး

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့မှ မြို့နယ်ဦးစီးမှူးများနှင့် ဝန်ထမ်းများ၊ တောင်သူများနှင့်အတူ ယနေ့နံနက်(၉)နာရီအချိန်က ဘူးသီးတောင်မြို့နယ်၊ နန်းရာကုန်းကျေးရွာ လယ်မြေ(၈၅)ဧက အတွင်း စုပေါင်းထွန်ယက်ပွဲနှင့် အကျိုးဆောင်တောင်သူများဖြင့်မျိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း (၈၅)ဧကဆောင်ရွက်ရန် ပျိုးထောင်ထားရှိသည့် ဆင်းသွယ်လတ်၊ ဆင်းသုခ၊ ပေါ်ဆန်းယဉ် ပျိုးခင်းများအား ယူရီးယားမြေဩဇာနှင့် စူပါဘိုကာရှိ မြေဆွေးရောစပ်၍ ပျိုးခင်းများအား စုပေါင်းကြဲပက်နေမှုကို လှည့်လှယ်ကြည့်ရှု ကွင်းဆင်းအားပေးခဲ့ကြောင်း သိရသည်။

မအီမြို့တွင် မအီမြို့တွင်  ကျောင်းသား/ကျောင်းသူများ သန်ကောင်ရောဂါ မဖြစ်ပွားစေရေးအတွက် သန်ချဆေးများ တိုက်ကျွေးပေး

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ အာဟာရရက် သတ္တပတ်အနေဖြင့်  မအီမြို့နယ်အတွင်းရှိ အခြေခံပညာကျေးများရှိ ကျောင်းသူ/ကျောင်းသားများအား  သန်ချဆေးများ တိုက်ကျွေးပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မအီမြို့၊  အခြေခံ ပညာအထက်တန်းကျောင်း၌ ကျောင်းသူ/ကျောင်းသားများအား သံချဆေးများတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း မြောက်ဦးခရိုင်အတွင်း ပြန်လည်ထူထောင်ရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူးရေးလုပ်ငန်းများ ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက် ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ ၁၈ ရက်နေ့ နံနက်ပိုင်းက မြောက်ဦးခရိုင်အတွင်း ပြန်လည်ထူထောင်ရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ ပိုမိုတိုးချဲ့ ဆောင်ရွက်နိုင်ရန်အတွက် ကွင်းဆင်းပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံကြသည်။

ကျောက်တော်မြို့၌ (၇၆)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊ကျောက်တော်မြို့၌ (၇၆)နှစ်မြောက် အာဇာနည်နေ့ စာစီစာကုံးပြိုင်ပွဲဆု ရကျောင်သား/ကျောင်းသူများအား ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပညာရေးရုံးအစည်းအဝေးခန်းမအတွင်း ကျင်းပပြုလုပ်ခဲ့သည်။

ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ရခိုင်ပြည်နယ်၏ ပုစွန်သားပေါက်လိုအပ်ချက်များကို ရာသီအမီ ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်၏ ပုစွန်သားပေါက် လိုအပ်ချက်များကို ရာသီအမီ ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်မျာကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ပုဏ္ဏားကျွန်းမြို့၌ ၇၆ နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်၊ ဆွမ်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ ၇၆ နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို ပုဏ္ဏားကျွန်းမြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ် ဝင်းမောင် ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ယမန်နေ့နံနက် ၉ နာရီခန့်က ပုဏ္ဏားကျွန်းမြို့၊ မြို့မပရိယတ္တိ ကျောင်းတိုက်၊ သုခါဝသ ကျောင်းတော်ကြီး မြေညီထပ်၌ကျင်းပခဲ့သည်။

ဂွမြို့နယ်တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နေ့ဆွမ်းဆက်ကပ်လှူဒါန်း

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင်   (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင် ၍ ဌာနဆိုင်ရာဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းက  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် သံဃာတော်အရှင်သူမြတ် (၅)ပါးအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။
Subscribe to ရခိုင်ပြည်နယ်