ရခိုင်ပြည်နယ်

သံတွဲမြို့၌ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ကျောင်းသား၊ ကျောင်းသူများ ကျောင်းဝန်းပြင်ပ လှုပ်ရှားသွားလာရာတွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများနှင့်အညီ ဖြတ်ကူးသွားလာရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲ (၁) နာရီအချိန်က အ.ထ.(ခွဲ)မြို့မကျောင်း ပန်းသဇင်ခန်းမဆောင်၌ ကျင်းပသည်။

စစ်တွေမြို့နယ်တွင် ဌာဆိုင်ရာများက ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် ဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယနေ့နံနက်ပိုင်းက ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)တိုက်ခတ် ပြီးနောက် ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဂန့်ဂေါ်ကျွန်းကျေးရွာနှင့် ရွာသစ်ကေကျေးရွာများသို့ ကွင်းဆင်းကာ ကျေးရွာသူ၊ ကျေးရွာသားများနှင့် တွေ့ဆုံကြသည်။

မအီမြို့ ဆံထုံးကျေးရွာ၌ ငှက်ဖျားရောဂါ ကင်းစင်ပပျောက်ရေး ကွင်းဆင်းဆောင်ရွက်  

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ မအီမြို့နယ်တွင် တောတောင်များကို အမှီပြုနေထိုင်ကြသည့် လက်ပံကျေးရွာအုပ်စု၊ ဆံထုံးကျေးရွာ ကျေးလက်နေပြည်သူများအား ငှက်ဖျားရောဂါ ကင်းစင်ပပျောက်ရေးအတွက် ငှက်ဖျားသွေးဖောက်စစ်ဆေးခြင်းနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းတို့ကို ယနေ့နံနက်ပိုင်းက မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနမှ တောင်ကုတ်မြို့နယ်အခြေစိုက် ငှက်ဖျားကင်းစင်ပပျောက်ရေးအဖွဲ့(URC)၊ မြို့နယ် ငှက်ဖျားတိုက်ဖျက်ရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြောက်ဦးမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၈) နာရီအချိန်က ထမ္မရာဇ်ရပ်ကွက်၊ အောင်တပ်ရပ်ကွက်နှင့် အောင်မင်္ဂလာရပ်ကွက်များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ကောက်စိုက်စက်၊ မျိုးစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုး သရုပ်ပြပွဲ တက်ရောက်၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုမည့် ပစ္စည်းများ ရောက်ရှိမှု ကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့နယ် ပျားလယ်ချောင်းကျေးရွာ၌ ကောက်စိုက်စက်၊ မျိုးစေ့ချကရိယာဖြင့် မိုးစပါးစိုက်ပျိုး သရုပ်ပြပွဲသို့ တက်ရောက်ကြည့်ရှုအားပေးပြီး စစ်တွေမြို့၊ ဘက်စုံသုံးဆိပ်ကမ်း၌ ကူညီကယ်ဆယ်ရေး နှင့်ပြန်လည်ထူထောင်ရေးပစ္စည်းများ ရောက်ရှိနေမှုနှင့် ဖြန့်ခွဲနေမှုတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးကြသည်။

ပုဏ္ဏားကျွန်းမြို့နယ်တွင် ဌာနဆိုင်ရာများ ပူးပေါင်း၍ ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်တွင် ဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယမန်နေ့၊ နံနက်ပိုင်းက  ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)တိုက်ခတ်ပြီးနောက်  ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးအတွက် ကွန်းတောင်ကျေးရွာနှင့် ရေဖြူကန်ကျေးရွာများသို့ ကွင်းဆင်း၍ ကျေးရွာသူ၊ ကျေးရွာသားများနှင့် တွေ့ဆုံခဲ့ကြသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် တာဝန်ရှိသူများသည် အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းရှိ  အသက်(၅)နှစ်ပြည့်ပြီး KG တက်ရောက်နေသည့် ကျောင်းသား/သူများအား  ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနေမှုများအား ကြည့်ရှ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် တာဝန် ရှိ သူများသည် အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းရှိ  အသက်(၅)နှစ်ပြည့်ပြီး KG တက်ရောက်နေသည့် ကျောင်းသား/သူများအား ကျန်းမာရေးဝန်ထမ်းများက ယနေ့ နံနက်ပိုင်းက  ဒုတိယအကြိမ်ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြသည်။

ရမ်းဗြဲမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နေ့လယ်(၁၂)နာရီအချိန်က အ-ထ-က ပုလုပ်တောင်ကျောင်း ဦးဥတ္တမခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့်တာဝန်ရှိသူများ ကျောက်ဖြူမြို့ ဒေသခံပြည်သူများအား ကြက်သား၊ ဘဲသားနှင့် ကြက်ဥ၊ဘဲဥများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုနှင့် မိုးစပါးစိုက်ပျိုးရန် ကွင်းသရုပ်ပြပွဲ ဆောင်ရွက်သည့်အခမ်းအနားသို့ သွားရောက်ကြည့်ရှုအားပေး

ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့်တာဝန်ရှိသူများသည် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက ဓညဝတီရေတပ်စခန်းဌာနချုပ်မှ ကျောက်ဖြူမြို့ ဒေသခံပြည်သူများအား ကြက်သား၊ ဘဲသားနှင့် ကြက်ဥ၊ ဘဲဥများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုအား ကြည့်ရှုအားပေးပြီး မိုးစပါးစိုက်ပျိုးရန် ကွင်းသရုပ်ပြပွဲဆောင်ရွက်သည့် အခမ်းအနားသို့ သွားရောက်ကြည့်ရှုအားပေးသည်။

သံတွဲမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် ဖုံး၊သွန်၊လဲ၊စစ် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် ခြင်ကိုက်ခံရခြင်းကြောင့်ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေး ရောဂါမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့ နံနက် ပိုင်းက အမှတ် (၈) ရပ်ကွက်အတွင်း အဘိတ်ဆေးခတ်ခြင်း၊ ရေတွင်းရေကန်များစစ်ဆေးခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခြင်း၊ သွေးလွန် -တုပ်ကွေးရောဂါ အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ကြသည်။
Subscribe to ရခိုင်ပြည်နယ်