ပုဏ္ဏားကျွန်းမြို့နယ်တွင် ဌာနဆိုင်ရာများပူးပေါင်း၍ ပြန်လည်ထူထောင်ရေးနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍လုံခြုံရေးတပ်ဖွဲ့ ဝင်များနှင့်အတူဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယမန်နေ့က ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)တိုက်ခတ်ပြီးနောက် ပြန်လည်ထူထောင်ရေးနှင့်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ပေးနိုင်ရေးအတွက် မိုးတိမ်ပြင်ကျေးရွာအုပ်စု၊ နားဋောင်းကျကျေးရွာသို့ ကွင်းဆင်း၍ ကျေးရွာသူ၊ ကျေးရွာသားများနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။