သံတွဲမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)ဆက်လက်ထိုးနှံပေး
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် ကမ္ဘာတစ်ဝှမ်းလုံး အမျိုးသမီးများ၌စတုတ္ထမြောက် အများဆုံးဖြစ်ပြီး အသက်ဆုံးရှုံးမှုအများဆုံးရောဂါဖြစ်သည့် သားအိမ်ခေါင်းကင်ဆာရောဂါကို ကာကွယ်နိုင်ရန်အတွက် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV)ထိုးနှံခြင်းကို ကျောင်းအခြေပြုအဖြစ် စက်တင်ဘာလ ၁၈ ရက်နေ့မှစတင်၍ သံတွဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။