(၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမ်းခရိုင်၊ အမ်းမြို့ အမှတ်(၂) တပ်မတော်ဆေးရုံ (ကုတင်၃၀၀) ၌ ရဲတပ်ဖွဲ့ဝင်များ၊ အိမ်ထောင်သည် ရဲမေများမှ စုပေါင်း သွေးလှူဒါန်း
(၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမ်းခရိုင် ရဲတပ်ဖွဲ့မှ ခေတ္တခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်မင်းဦးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းဦး ဦးဆောင်မှုဖြင့် အမ်းခရိုင် အမှတ်(၂)တပ်မတော်ဆေးရုံ (ကုတင် ၃၀၀)တွင် ယနေ့နံနက် ၈ နာရီက အမ်းခရိုင်ရှိ ရဲတပ်ဖွဲ့ဝင်များနှင့် အိမ်ထောင်သည် ရဲမေများမှ စုပေါင်း သွေးလှူဒါန်းခဲ့ကြသည်။