ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကြီးမှူး၍ မိုခါမုန်တိုင်းသင့်ဒေသများရှိ ပြည်သူများအားငွေသားနှင့် သောက်ရေသန့်များထောက်ပံ့ပေးအပ်
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မိုခါမုန်တိုင်းသင့်ဒေသများအား ကူညီထောက်ပံခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နေ့လယ် ၁၂ နာရီအချိန်က စေတီယင်္ဂဏဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် အကျိုးခံစားခွင့်ရှိသူများအား ငွေသားထောက်ပံ့ပေးခြင်း အစီစဥ်ကိုပြုလုပ်ကျင်းပရာ ရသေ့တောင်မြို့နယ် ကြက်ခြေနီ အသင်းမှ အသင်းဝင်များနှင့် စေတနာရှင်လူငယ်(၃၀)ဦးခန့်က ပါဝင်အင်အားဖြည့် လုပ်အားပေးခဲ့ကြသည်။