ကျောက်ဖြူမြို့၌ (၅၁) နှစ်မြောက်၊ ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် ရခိုင်ရိုးရာ ရထားဆွဲပြိုင်ပွဲ၊ ပျော်ပွဲ ရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပ
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ ဒီဇင်ဘာ (၁၅)ရက်တွင်ကျရောက်သည့် (၅၁)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ရခိုင်ရိုးရာရထားဆွဲပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲများနှင့် အားကစားပြိုင်ပွဲများကို ဒီဇင်ဘာ ၁၂ ရက်ကစတင်၍ အစိုးရရပ်ကွက်ရှိ မြို့မအားကစားဘောလုံးကွင်းကြီးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။