ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြည်နယ်အတွင်း ဒေသခံစွန့်ဦးတီထွင် စီးပွားရေး လုပ်ငန်းရှင်များ ပေါ်ထွက်လာစေရေးနှင့် ရခိုင်ပြည်နယ်၏ အနာဂတ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများနှင့် ပတ်သက်၍ ရည်ရွယ်ကျင်းပသည့် ရခိုင်ပြည်နယ်စီးပွားရေးဖိုရမ် (Rakhine Economic Forum 2023) ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ နယ်ပယ်အသီးသီးမှ ကျွမ်းကျင်ပညာရှင်များ၊ ရခိုင်လူငယ်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။