မအီမြို့၌ လူငယ်စကားဝိုင်း ဆွေးနွေးကျင်းပ
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၌ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ အသိပညာဗဟုသုတများရရှိစေရန်နှင့် လူရှေ့သူရှေ့တွင် စကားပြောစွမ်းရည်များ မြင့်မားလာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်း ဆေးနွေးပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက မအီမြို့၊ ဂျီဖြူတောင်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာတို့ ပူးပေါင်း၍ ကျင်းပခဲ့သည်။