တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ကျောက်ဖြူမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ဒုတိယနေ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေး
တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)နှင့်အတူ တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ဒုတိယနေ့အဖြစ် ယနေ့နံနက်ပိုင်းတွင် STUDENTS HOSTEL ၌ အခြေပြု၍ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများအခမဲ့ ဆောင်ရွက်ပေးလျက်ရှိရာ ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေး ဝန်ထမ်းများ၊ ပညာရေးဌာနမှ ဆရာမများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ကျောက်ဖြူခရိုင်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။