ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ဌာနဆိုင်ရာများ စုပေါင်းမဟာဘုံကထိန်အလှူတော်ပွဲ တက်ရောက်

ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ကြီးမှူး၍ ဌာနဆိုင်ရာများ စုပေါင်းမဟာဘုံကထိန်အလှူပွဲတော်ကို ယနေ့နေ့လယ် ၂ ရီက စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်ပရဝုဏ်အတွင်းရှိ သာသနာ့ဗိမာန်တော် ကြီး၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်၊  ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

သံတွဲမြို့၌ (၄၄) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်လျာ သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှုကျင်းပသည့် (၄၄) ကြိမ်မြောက်၊ ခရိုင်၊ မြို့နယ် ဌာနပေါင်းစုံဝန်ထမ်းများနှင့် စေတနာရှင်အလှုရှင်များ၏ စုပေါင်းမဟာဘုံကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲတော်ကို ယနေ့နံနက် ၉ နာရီက သီရိမင်္ဂလာမြို့ ဦးတောင်ကျောင်း၌ ကျင်းပပြုလုပ်ရာ သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့်အဖွဲ့ဝင်များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့်အဖွဲ့ဝင်များ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုရာများနှင့်ဝန်ထမ်းများ တက်ရောက်ကြသည်။

မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃) အကြို လှုပ်ရှားမှုအနေဖြင့် သံတွဲမြို့၊ မေတ္တာဝတီဘိုးဘွားရိပ်သာ ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်မှုပေး

မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃) အကြို လှုပ်ရှားမှုအနေဖြင့် အထူးကု ကွင်းဆင်းကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် အခမဲ့ဆေးကုသခြင်းတို့ကို ယနေ့ နံနက် ၈ နာရီက သံတွဲမြို့နယ်၊ နန်းချောင်းကျေးရွာ၊ မေတ္တာဝတီဘိုးဘွားရိပ်သာ၌ ပြုလုပ်ခဲ့သည်။

အမ်းမြို့၌ ဒုတိယကြိမ်မြောက် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အလှူရှင်များ စုပေါင်းမဟာဘုံကထိန်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းမြို့၌ ဒုတိယကြိမ်မြောက် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အလှူရှင်များစုပေါင်းမဟာဘုံကထိန်ပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှစတင်ကာမြို့တွင်း လမ်းမတစ်လျှောက် ပဒေသာပင်များအား မော်တော်ယာဥ်များဖြင့် ပဒေသာပင် (၁၁) ပင်အား တင်ဆောင်၍ ဝဏ္ဏိတာရာမကျောင်းတိုက်သို့ စည်ကားသိုက်မြိုက်စွာ စုပေါင်းလှည့်လည်ခဲ့ကြသည်။

မာန်အောင်မြို့မဟာဓမ္မိကာရုံကျောင်းတိုက်၌(၃၂)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူ ဒါန်းပွဲကျင်းပ

ရခိုင်ပြည်နယ် မာန်အောင်မြို့မဟာဓမ္မိကာရုံကျောင်းတိုက်၌(၃၂)ကြိမ်မြောက် စုပေါင်းမဟာဘုံ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်(၈)နာရီခွဲက မြို့မရပ်ကွက်ရှိ မဟာဓမ္မိကာရုံ (ရွှေကျင်)ကျောင်းတိုက်တွင်ကျင်းပ ပြုလုပ်ခဲ့သည်။

စစ်တွေတက္ကသိုလ်၌ နေ့သင်တန်းများ စတင်ဖွင့်လှစ်သင်ကြား

စစ်တွေတက္ကသိုလ်၌ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် နေ့သင်တန်း ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်လက်ခံခြင်းနှင့် ကျောင်းဖွင့်လှစ်သင်ကြားခြင်းကို နိုဝင်ဘာ ၂၃ ရက်နေ့ နံနက်ပိုင်းက စတင်ပြီး ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ ပညာရေးဌာနမိသားစု၏ စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်း

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ပညာရေးဌာနမိသားစု၏ စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၉ နာရီအချိန်  မြို့မကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

မာန်အောင်မြို့အ-ထ-က(ခွဲ) စျေးတန်းကျောင်း၌ (၃၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ

ရခိုင်ပြည်နယ် မာန်အောင်မြို့ အ-ထ-က(ခွဲ)စျေးတန်းကျောင်း၌ (၃၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၈ နာရီက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

သံတွဲမြို့နယ်၌ စာဖတ်ရှိန် မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေး

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာဖတ်ရှိန် မြင့်မားလာပြီး စာအုပ်စာပေကောင်းများကို လေ့လာရှာမှီးတတ်စေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်စနစ် Mobile မော်တော်ယာဉ်ဖြင့် ကျောင်းများ၊ ကျေးရွာများ၊ ဌာနဆိုင်ရာများအရောက် စာအုပ်များ ငှားရမ်း ဝန်ဆောင်မှုပေးခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် (၃၃) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်း

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် (၃၃) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်း ယနေ့ နံနက် ၉ နာရီအချိန်  အဆိုပါ ကျောင်းခန်းမတွင် ပြု လုပ်ခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်