မွန်ပြည်နယ်

ကျိုက်မရော မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ ပင်စင်လစာများ ပုံမှန်ထုတ်ပေး

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ နိုင်ငံဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေ များကို ယနေ့ နံနက် ၉ နာရီမှစတင်ကာ မြန်မာ့စီးပွားရေး ဘဏ်(ခွဲ)တွင် ပုံမှန်ထုတ်ပေး လျက်ရှိကြောင်း သိရသည်။

မုဒုံမြို့နယ်၌ အခြေခံပညာ ထက်၊ လယ်၊ မူ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ်၌ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေးအလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမ၌ ကျင်းပသည်။

ကွန်ပျူတာတက္ကသိုလ်(သထုံ)တွင် (၂၀၂၂-၂၀၂၃)ပညာသင်နှစ်၊ ပထမနှစ်(ပထမနှစ်ဝက်)မောင်မယ်သစ်လွင်ကြိုဆိုပွဲပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဂေါ့ကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ်(သထုံ)၏ (၂၀၂၂-၂၀၂၃)ပညာသင်နှစ်၊ ပထမနှစ်(ပထမနှစ်ဝက်) ကျောင်းသားကျောင်းသူများအား မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယနေ့နံနက်က အဆိုပါကျောင်း၌ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း မွန်ပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ(၁/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးတက်​ရောက်

မွန်ပြည်နယ် အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (၁/၂၀၂၂)ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်​ရောက်ခဲ့သည်။

ဘီးလင်းမြို့နယ်၌မြို့နယ်အဆင့်အင်္ဂလိပ်စာနှင့်သင်္ချာစွမ်းရည်ပြိုင်ပွဲပြုလုပ်

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ် အဆင့်င်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက   အခြေခံပညာ အထက်တန်းကျောင်း (ဘီးလင်း)၌ ကျင်းပပြုလုပ်ရာ မြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ မူလတန်းဆင့်နှင့် အလယ်တန်းဆင့် ကျောင်းသား၊ ကျောင်းသူ(၁၄၉) ဦး ဝင်ရောက် ဖြေဆိုကြသည်။

ချောင်းဆုံမြို့နယ် ၊ဒေါင်းရပ်အရှေ့ကျေးရွာခန်းမ၌ တီဘီရောဂါလူနာရှာဖွေကုသရေး အခမဲ့ကွင်းဆင်းဆောင်ရွက်

မွန်ပြည်နယ်ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်တီဘီရောဂါတိုက်ဖျက်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်(IOM)တို့ပူးပေါင်း ၍ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်၊ ဒေါင်းရပ် အရှေ့ကျေးရွာ၊ ခန်းမတွင်တီဘီရောဂါလူနာရှာဖွေရေးလုပ်ငန်းဆောင်ရွက်ခြင်းကို ယမန် နေ့ နံနက်(၉)နာရီက၊ ပြည်နယ် တီဘီရောဂါတိုက်ဖျက်ရေးဦးစီးဌာနအထူးကု ဆရာဝန်ကြီး ဒေါက်တာထွန်းဦး ဦးဆောင်ပြီး မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်းကာ ကျန်းမာ ရေးဝန်ထမ်းများက အခမဲ့ကွင်းဆင်းကုသခဲ့ကြသည်။

ချောင်းဆုံမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင်  မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ပညာပေး(Talk Show) ကျင်းပ

ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ပြည်သူများအသက်အိုးအိမ်ဆုံးရှုံးမှုအခြေအနေမဖြစ်ပေါ်စေရေးအတွက်ရည်ရွယ်ပြီး ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီး ဌာနတို့ပူးပေါင်းပြီး ချောင်းဆုံမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Center) ခန်းမတွင် ယနေ့နံနက် (၁၁)နာရီခွဲအချိန်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ပညာပေး ဆွေးနွေးပွဲ (Talk Show) ကိုပြုလုပ်သည်။

မော်လမြိုင်မြို့တွင် ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ဒေသခံ ပြည်သူများနှင့် မြို့နယ် အဆင့် ဌာနဆိုင်ရာများတွေ့ဆုံ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ မုရောင်းကျေးရွာနှင့်မင်းရွာ‌ကျေးရွာနေပြည်သူများနှင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာများ စုပေါင်းတွေ့ဆုံ၍ ဒေသတည်ငြိမ်အေးချမ်း ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် ညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁၂) နာရီခွဲအချိန်က ပြုလုပ်ကျင်းပခဲ့သည်။

ကျိုက်ထိုမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန၌ “အနာဂတ်ကိုမိမိကိုယ်တိုင်ဖန်တီးဖို့လိုတယ်” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community   Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲ  ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်း၍      စာရေးဆရာ      ပါမောက္ခ ဒေါက်တာအောင်ထွန်းသက် ရေးသားသည့် “အနာဂတ်ကိုမိမိကိုယ်တိုင်ဖန်တီးဖို့လိုတယ်”စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်တွင်အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အကြိုအသိပညာပေး(Talk Show) ဆွေးနွေးပွဲ  ပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မွန်ပြည်နယ်၊ မသန်စွမ်းသူများအသင်းတို့ ပူးပေါင်းပြီး ယမန်နေ့ နံနက်(၁၁)နာရီက အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အကြို အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to မွန်ပြည်နယ်