ကျိုက်မရောမြို့ အ.ထ.က ကျောင်း၌ ခွေးရူးရောဂါ ကာကွယ်တားဆီးရေး အသိပညာပေး ဟောပြောပွဲကျင်းပ
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် “ခွေးရူးရောဂါကင်းစင် မြန်ပြည်တစ်ခွင်” ၂၀၃၀ တွင် ရည်မှန်းချက် ဆောင်ပုဒ်နှင့်အညီ မြန်မာနိုင်ငံ တွင်ခွေးရူးရောဂါ ကာကွယ် စောင့်ရှောက်ရေးစီမံချက်အရ အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများ ခွေးရူးရောဂါကာကွယ်ရေးနှင့် ကူးစက်ပျံ့နှံပုံအကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းက အ.ထ.က (ကျိုက်မရော) ကျောင်း ခန်းမ၌ ပြုလုပ်ခဲ့သည်။