ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးအား ယခုလအတွင်း ဘုရားဖူးပြည်သူ တစ်သိန်းကျော် လာရောက်ဖူးမြော်ကြပြီး စနေ၊ တနင်္ဂနွေပိတ်ရက်များ၌ ဘုရားဖူးများဖြင့် ပိုမိုများပြားစည်ကား
မြန်မာနိုင်ငံတွင်သာမက ကမ္ဘာအရပ်ရပ်သို့ပင် ထင်ရှားကျော်ကြားသည့် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်နေ့အထိ ကျင်းပလျက်ရှိရာ အနယ်နယ်အရပ်မှ ဘုရားဖူးပြည်သူများ စည်ကားသိုက်မြိုက်စွာဖြင့် နေ့စဉ်လာရောက်ဖူးမြော်နေကြပြီး ယခုလ (ဇန်ဝါရီလ) ၌ လာရောက်ဖူးမြော်မှု အများဆုံးဖြစ်ကြောင်း စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ထံမှ သိရသည်။