မွန်ပြည်နယ်

မုဒုံမြို့၌ မီးဘေးအန္တရာယ်ကင်းဝေးစေရေး အသိပေးနှိုးဆော်

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ပြည်သူများအား မီးဘေးအန္တရာယ်ကင်းဝေးစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရန် သတိပြုလိုက်နာဆောင်ရွက်ရမည့် အချက်များအား အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ညက မြို့ပေါ်နှင့် ဘဲရမ်း၊ ကွမ်တာကျေးရွာများအတွင်းသို့ မီးသတ်ယာဥ်ဖြင့် လှည့်လည်ဆောင်ရွက်သည်။

သထုံမြို့နယ်၌ ဥပ္ပါတသန္တိဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲ ပိတ်ပွဲအခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့၏ စီမံမှုဖြင့် ကျင်းပပြုလုပ်ခဲ့သည့် မြို့နယ်လုံးဆိုင်ရာ ဥပ္ပါတသန္တိဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲ၊ ပွိတ်ပွဲအခမ်းအနားကို ယနေ့နံနက်က အောက်ကျင်းရပ်ကွက်ရှိ ဗူးဘုရားစေတီ‌တော် ပရိဝုဏ်အတွင်း၌ ကျင်းပပြုလုပ်သည်။

သံဖြူဇရပ်မြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး အဆောက်အအုံစာရင်းတင်ခြင်းလုပ်ငန်း ဆောင်ရွက်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ သံဖြူဇရပ်မြို့နယ် ဦးစီးမှူးရုံးမှ အဆောက်အအုံ စာရင်းတင်ခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းမှ စတင်ကာ ရပ်ကွက် (၁၆) ခုတွင် ဆက်လက်ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

ပေါင်မြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း Census Unit (သန်းခေါင်စာရင်းယူနစ်)အဆောက်အအုံစာရင်းသွင်းခြင်းဆက်လက်ဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း Census Unit(သန်းခေါင်စာရင်းယူနစ်) အဆောက်အအုံစာရင်းသွင်းခြင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ပေါင်မြို့နယ်ရပ်ကွက်(၄)ခုနှင့် ဇင်းကျိုက်မြို့ရပ်ကွက်(၄)ခုတို့တွင်  ဆောင်‌ရွက်နေကြောင်းသိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ်ရဲတပ်ဖွဲ့ ဂုဏ်ထူးဆောင်တံဆိပ်ချီးမြှင့်ခြင်းနှင့် တစ်ဆင့်မြှင့်ရာထူးတိုးမြှင့်ပေးခြင်း ဂုဏ်ပြုအခမ်းအနား တက်ရောက်

မွန်ပြည်နယ်ရဲတပ်ဖွဲ့ ဂုဏ်ထူးဆောင်တံဆိပ်ချီးမြှင့်ခြင်းနှင့် တစ်ဆင့်မြှင့်ရာထူးတိုးမြှင့်ပေးခြင်း ဂုဏ်ပြုအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ တက်ရောက်သည်။

မွန်​ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)၏ အထူးနေ့လယ်စာစားပွဲ အခမ်းအနား တက်ရောက်

မွန်ပြည်နယ်အနေဖြင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးတို့ကိုဦးတည်၍ ပြည်နယ်အတွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)မှ သင်တန်းသား၊ သင်တန်းသူများအား မိသားစုသဖွယ် ချစ်ခင်လေးစားဂုဏ်ပြုသောအားဖြင့် အားကစားနှင့် ကာယပညာသိပ္ပံ(မော်လမြိုင်)၏ အထူးနေ့လယ်စာစားပွဲအခမ်းအနားကို ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ မင်းရွာကျေးရွာရှိ အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊  အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)မှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။

ကျိုက်မရော၌ မုန်လာဥ တစ်နိုင်တစ်ပိုင် စိုက်သူများမိသားစုအပိုဝင်ငွေရရှိ

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် မုန်လာဥတစ်နိုင်တစ်ပိုင် စိုက်ပျိုးသူများမိသားစု အပိုဝင်ငွေရရှိကာ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

မုဒုံမြို့နယ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အ.ထ.က (၁) ကျောင်းရှိ ရှင်အရဟံခန်းမ၌ ကျင်းပသည်။

ကျန်းမာရေးဝန်ကြီးဌာန အထူးကုဆေးကုသရေးအဖွဲ့ မွန်ပြည်နယ်၊ မော်လမြိုင်မြို့သို့ ဒုတိယအကြိမ် ကွင်းဆင်းဆေးကုသမှုများဆောင်ရွက်

ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူများလိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုကို လက်လှမ်းမီရရှိခြင်းဖြင့် ရောဂါကင်းဝေး၍ သက်တမ်းစေ့နေထိုင်နိုင်စေရေး သက်ဆိုင်ရာပါမောက္ခ/ အထူးကုဆရာဝန်ကြီးများနှင့်တွေ့ဆုံ၍ လိုအပ်သောကုသမှုများရရှိနိုင်စေရန် ရန်ကုန်/မန္တလေးမှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့များဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးသို့ ကွင်းဆင်းကုသမှုအစီအစဉ်များ ဆောင်ရွက်လျက်ရှိပါသည်။

ပေါင်မြို့နယ်၌ ဟင်းသီးဟင်းရွက်သီးနှံများတွင်ကျရောက်တတ်သော ပိုးမွှားရောဂါများအား ဆေးပက်ဖျန်းခြင်းကွင်းသရုပ်ပြပွဲပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ဟင်းသီးဟင်းရွက်သီးနှံတွင် ကျရောက်တတ်သော ပိုးမွှားရောဂါများအား ဆေးပက်ဖျန်းခြင်းကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက သဲဖြူကုန်းကျေးရွာ ဟင်းသီးဟင်းရွက်စိုက်ခင်း၌ ပြုလုပ်ခဲ့သည်။
Subscribe to မွန်ပြည်နယ်