မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျိုက္ခမီမြို့၊ ဆိပ်ကမ်းသာလမ်း (မြို့ပတ်လမ်း) ဖွင့်ပွဲ အခမ်းအနားနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၃ - ၂၀၂၄ ခု၊ ဘဏ္ဍာ ရေးနှစ်တွင် မွန်ပြည် နယ် အစိုးရအဖွဲ့ ပြည်နယ် ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော ကျိုက္ခမီမြို့ ဆိပ်ကမ်းသာလမ်း (မြို့ပတ်လမ်း ) ဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ၉ရက်နေ့ နံနက်ပိုင်းက ကျိုက်က္ခမီမြို့ ဆိပ်ကမ်းသာလမ်း (မြို့ပတ်လမ်း)၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။