မွန်ပြည်နယ်

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်အား အများပြည်သူ အလုပ်ပိတ်ရက်တွင် ဘုရားဖူးပြည်သူ (၃၀၀၀၀)ကျော် ဘုရားလာရောက်ဖူးမြော်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် တည်ရှိသည့် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးအား သီတင်းကျွတ်လပြည့်နေ့မှစ၍ ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲကို ကျင်းပခဲ့ရာ ယမန်နေ့ အများပြည်သူအလုပ်ပိတ်ရက်ဖြစ်သည့် (စနေ/တနင်္ဂနွေ) နေ့တွင် ပြည်တွင်း၊ပြည်ပမှ ဘုရားလာရောက်ဖူး‌မြော်ကြသူ သုံးသောင်းကျော်ရှိကြောင်း သိရသည်။

သထုံခရိုင် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာပေချစ်မြတ်နိုးသူများ (Book Club) အဖွဲ့၊ မြို့နယ်အမျိုးသမီးများ အသင်း (Woman Club) နှင့် မြို့နယ်စာရေးဆရာများအသင်းတို့ ပူးပေါင်းကာ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့၊ မွန်းလွဲပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။

မွန်ပြည်နယ်တွင် သဘာဝဘေးအန္တရာယ်ဒဏ်ခံနိုင်စေရန် အိမ်ခြေ(၁၇၀၀)အား အိုးအိမ်များအားဖြည့်ပြင်ဆင် မွမ်းမံခြင်းလုပ်ငန်းများဆောင်ရွက်ပေး

မွန်ပြည်နယ်တွင် သဘာဝဘေးအန္တရာယ်များကျရောက်လာပါက ကြံ့ခိုင်မှုရှိစေရန် နေအိမ်များအားဖြည့် ပြင်ဆင်မွမ်းမံခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အ.လ.က (ခွဲ)သင်္ကန်းချောင် ကျောင်း၌ ပညာရေးစုံညီပွဲတော်ကျင်းပ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ အ.လ.က.ခွဲ သင်္ကန်းချောင် ကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီ ပွဲတော်နှင့် ဆုချီးမြှင်ခြင်းအခမ်းအနားကို ဇန်နဝါရီ ၂၀ ရက်နံနက်၉နာရီ က. အ.လ.က ခွဲသင်္ကန်းချောင် ကျောင်းခန်းမ၌ ကျင်းပသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ​မော်လမြိုင်မြို့၊ စာသင်​ကျောင်းများ စိမ်းလန်းစို​​ပြေရေးနှင့် သန့်ရှင်းသာယာလှ​ပ​ရေး ကျောင်းအကျိုးပြု စု​ပေါင်းသန့်ရှင်း​ရေး ​ဆောင်ရွက်နေမှု ကြည့်ရှုအား​ပေး

မွန်ပြည်နယ်အတွင်း အခြေခံပညာစာကျောင်းများတွင် သန့်ရှင်း၍ စိမ်းလန်းစိုပြေပြီး ကျောင်းသူ၊ ကျောင်းသားများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေး အလေးထားဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း ကျောင်းဝင်းအတွင်း၊ ဘေးပတ်ဝန်းကျင်ရှိ ခြုံနွယ်များ၊ မြက်များနှင့် အမှိုက်များအား ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက စာသင်ကျောင်း စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်းဆောင်ရွက်နေမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် ပြည်နယ်အဆင့် ပညာရေးစုံညီပွဲတော်အခမ်းအနား တက်ရောက်

၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် မွန်ပြည်နယ် ပညာရေးစုံညီပွဲတော်နှင့် ပြည်နယ်ဂုဏ်ဆောင် ကျောင်းသား ကျောင်းသူများ ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမတွင် ကျင်းပရာ ရှေးဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း၊  ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မွန်ပြည်နယ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ကျိုက်ထိုမြို့နယ်တွင် သခွါးသီးစိုက် တောင်သူများ မိသားစုအပိုဝင်ငွေရရှိ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ရာသီမ‌‌ရွေးစိုက်ပျိုးနိုင်သည့် သခွားသီးစိုက်ပျိုးခြင်းကြောင့် မိသားစုအပိုဝင်‌ငွေရရှိ၍ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ဘီးလင်းမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား/ကျောင်းသူ၊ လူငယ်/လူရွယ်များ အသိပညာဗဟုသုတ တိုးပွားစေရေး ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ ၁ နာရီက ဘီးလင်းမြို့နယ် ရင်းအုံကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ‌သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲတွင် ထူးချွန်ဆုရ မော်လမြိုင်ဇုန်အသင်းအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနား တက်ရောက်

​၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲတွင် ထူးချွန်ဆုရ မော်လမြိုင်ဇုန်အားကစားသမားများအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသူလေးများက ယမန်နေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့တွင် ဂုဏ်ပြုပန်းကုံး၊ ပန်းစည်းများဖြင့် လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

ချောင်းဆုံမြို့နယ်တွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးပညာရပ် တွဲဖက်သင်ကြားမည့် ကျောင်းများသို့ တက်ရောက်သင်ကြားနိုင်မည့် အခွင့်အလမ်းများ အသိပညာပေးဟောပြော

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ရွာလွတ်ကျေးရွာ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ဖွင့်လှစ်သင်ကြားမည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးပညာရပ်များ တွဲဖက်သင်ကြားပေးသည့်ကျောင်းသို့ အခြေခံပညာကျောင်းများမှ (Grade-9) အောင်မြင်သူများ တက်ရောက်သင်ကြားနိုင်မည့် အခွင့်အလမ်းများနှင့်ပတ်သက်၍ ယမန်နေ့နံနက်ပိုင်းက ကွမ်ရိုက် (အ.ထ.က-ခွဲ) ကျောင်းတွင် အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့သည်။
Subscribe to မွန်ပြည်နယ်