မွန်ပြည်နယ်

ကျိုက်မရောမြို့၌ မျိုးစေ့ထုတ် (ပိုက်ဆန်လျှော်) စိုက်ပျိုးမှုအောင်မြင်

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် လက်ပံကျေရွာ၌ ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် မျိုးစေ့ထုတ် (ပိုက်ဆန်လျှော်) လျာထားဧက ၁၅ ဧက စမ်းသပ်စိုက်ပျိုးခဲ့ရာ အောင်မြင်ဖြစ်ထွန်းလျှက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး၏ ပြောပြချက်အရ သိရသည်။

ကျိုက်ထိုမြို့နယ်အတွင်းရှိ ပြည်သူများ အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းစေရေး ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် နေ့စဉ်စားသုံးနေသည့် အစားအသောက်များအား ဘေးအန္တရာယ် ကင်းရှင်းစွာ စားသောက်နိုင်ရေး၊ စားသုံးသူများ၏ လိုအပ်ချက်များနှင့် အခွင့်အရေးများ အပြည့်အဝရရှိစေရန်အတွက် အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကျိုက်ထိုမြို့နယ်အတွင်းရှိ စည်ပင်သာယာမြို့မဈေးသို့ သွားရောက်၍ တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း နှစ်(၅ဝ)ပြည့် ရွှေရတု မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်နယ်ကာကွယ်ဆေး သိုလှောင်အအေးခန်း(မော်လမြိုင်) (၃)ထပ်ဆောင် အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနား တက်ရောက်

နှစ်(၅ဝ)ပြည့် ရွှေရတု မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်နယ်ကာကွယ်ဆေး သိုလှောင်အအေးခန်း (မော်လမြိုင်) (၃)ထပ်ဆောင် အဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ​မော်လမြိုင်မြို့၊ ပြည်နယ် ပြည်သူ့ကျန်းမားရေးနှင့် ကုသရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပြည်နယ်ကာကွယ်ဆေး သိုလှောင်အအေးခန်း(မော်လမြိုင်) (၃)ထပ်ဆောင် အဆောက်အဦသစ်အား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ပြီး၊ အဆောက်အဦသစ် ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရေများ ပက်ဖျန်း၍ ပြည်နယ်ကာကွယ်ဆေး သိုလှောင်အအေးခန်း(မော်လမြိုင်) (၃)ထပ်ဆောင် အဆောက်အဦသစ်အား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

နှစ်(၅၀)ပြည့် ရွှေရတု မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ချောင်းဆုံမြို့နယ် (ဒရယ်-တောင်စွန်းလမ်း(ကလွီရွာရှောင်လမ်း) လမ်းနှင့်တံတားများ) ဖွင့်ပွဲအခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ် မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မတ်လ(၁၈)ရက်နေ့ နံနက်ပိုင်းက(ဒရယ်-တောင်စွန်းလမ်း(ကလွီရွာရှောင်လမ်း) လမ်းနှင့်တံတားများ)ဖွင့်ပွဲအခမ်းအနားကိုကျင်းပရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုး၊ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ကျိုက်မရောမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အခြေခံပညာအလယ်တန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြသပွဲကျင်းပ

ကျိုက်မရောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအ​ခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အခြေခံပညာအလယ်တန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီ က ကျင်းပပြုလုပ်သည်။

မော်လမြိုင်မြို့တွင် စာမေးပွဲဖြေဆိုခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား (၇၉)နှစ်မြောက် တပ်မတော်နေ့ သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေပေး

မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း စားမေးပွဲ ဖြေဆိုခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား (၇၉)နှစ်မြောက်၊ တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့ နေ့လယ်(၁၂)နာရီက အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။

ကျိုက်မရောမြို့ ဘိန်းဗျောကျေးရွာအုတ်ဖိုမှ အုတ်များအရည်အသွေးကောင်း၍ ဝယ်လိုအားကောင်းနေ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဘိန်းဗျောကျေးရွာ  အုတ်ဖိုလုပ်ငန်းတွင် သဘာဝမှထွက်ရှိသော ကုန်ကြမ်းများကိုအသုံးပြု၍ တစ်ပိုင်တစ်နိုင်စီးပွားရေးလု​ပ်ငန်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများဖော်ဆောင်ပေးလျက်ရှိသည့် လက်ရိုက်အုတ်များကိုအရည်အသွေးကောင်းသဖြင့် ဝယ်လိုအားမြင့်ကာ စျေးကောင်းလည်းရသဖြင့်အဆင်ပြေလျက်ရှိကြောင်း သိရသည်။

မွန်လူမျိုးနှင့် စာပေအနုပညာယဥ်ကျေးမှုတို့၏ ကြည်နူးဖွယ်ရာ

မွန်လူမျိုးတို့သည် မွန်ခမာအုပ်စုဝင်များဖြစ်ကြပြီး BC ၁၅၀၀ ခန့်တွင် တရုတ်ပြည်တောင်ပိုင်း ဟန်စီမြစ်ဝှမ်းတွင် စတင်အခြေချနေထိုင်ခဲ့ကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း နှစ်(၅၀)ပြည့် ရွှေရတု မွန်ပြည်နယ်နေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲ ၊ ပျော်ပွဲရွှင်ပွဲ ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား တက်ရောက်

၂၀၂၄ ခုနှစ်၊ နှစ်(၅၀)ပြည့် ရွှေရတုမွန်ပြည်နယ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲ ၊ ပျော်ပွဲရွှင်ပွဲ ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရာမညအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း နှစ်(၅ဝ)ပြည့် ရွှေရတု မွန်ပြည်နယ်နေ့အထိမ်းအမှတ် ပြခန်းများ၊ ဒေသထွက်ကုန်နှင့် ရိုးရာအစားအစာအရောင်းပြခန်းများ၊ မွန်ရိုးရာ အဆို၊ အက၊ အတီးပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနား တက်ရောက်

နှစ်(၅ဝ)ပြည့် ရွှေရတုမွန်ပြည်နယ်နေ့အထိမ်းအမှတ် ပြခန်းများ၊ ဒေသထွက်ကုန်နှင့် ရိုးရာအစားအစာအရောင်းပြခန်းများ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ သမိန်ဗရမ်းဘက်စုံသုံးကွင်း၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်အဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်သည်။
Subscribe to မွန်ပြည်နယ်