စက်စဲကမ်းခြေရှိ ကျိုက်စောရေလယ်ဘုရားပွဲတော်လာ ပြည်သူများဖြင့် စည်ကားလျက်ရှိ
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်ရှိ စက်စဲကျေးရွာ၌ တပေါင်းလပြည့်နေ့တွင် နှစ်စဥ်ကျင်းပမြဲဖြစ်သော ကျိုက်စောရေလယ်ဘုရားပွဲတော်ကို စက်စဲကမ်းခြေရှိ ရေလယ်ဆံ တော်ရှင်မြတ်ဘုရား၌ ကျင်းပပြုလုပ်ရာ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။