မွန်ပြည်နယ်

မုဒုံမြို့၌ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် အခြေခံစာတတ်မြောက်ရေးသင်တန်း ဖွင့်ပွဲကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ကျေးလက်ဒေသနေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် အခြေခံစာတတ်မြောက်ရေး သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီခွဲက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ရှင်အရဟံခန်းမ၌ ဖွင့်လှစ်သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် မွန်ပြည်နယ် ဆန်စက်လုပ်ငန်းများ၏ အချက်အလက်များ ကောက်ယူခဲ့သည့် အခြေအနေအား ရှင်းလင်းတင်ပြခြင်းအခမ်းအနား တက်ရောက်

မွန်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း၏ အဖွဲ့အစည်း ပရိုဖိုင်စာအုပ်မိတ်ဆက်ခြင်းနှင့် ပြည်နယ်အတွင်းရှိ ဆန်စက်လုပ်ငန်းများ၏ အချက်အလက်များ ကောက်ယူခဲ့သည့် အခြေအနေအား ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ Royal Mawlamyine Hotel၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်သည်။

ချောင်းဆုံမြို့နယ်တွင် နွေးစပါးစံပြကွက် ရိတ်သိမ်းခြင်းနှင့် စိုက်ပျိုးနည်းပညာပေး ဆွေးနွေးပွဲဆောင်ရွက်

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် နွေစပါးစိုက်ပျိုးသည့် တောင်သူများ တစ်ဧကအထွက်နှုန်း တိုးတက်မြင့်မားရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နွေးစပါးစံပြကွက် ရိတ်သိမ်းခြင်းနှင့် နည်းပညာပေးဆွေးနွေးပွဲကို ယမန်နေ့က ချောင်းဆုံအနောက်ရပ်ကွက် ကွင်းအမှတ်-၇၁၃/၁၊ ဦးပိုင်(၃၂/၇)ရှိ စိုက်ဧက(၅)ဧကတွင် ပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(ဥက္ကဋ္ဌ)နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ တောင်သူများ တက်ရောက်ခဲ့ကြသည်။

ဘီးလင်းမြို့‌ပေါ်ရပ်ကွက်ရှိ သောက်သုံးရေရှားပါးသည့်ပြည်သူများအား မြို့နယ်မီးသတ်ဦးစီးဌာနမှ  ရေသွားရောက်လှူဒါန်း

မွန်ပြည်နယ်၊ ဘီးလင်းမြို့ပေါ်ရပ်ကွက်ရှိ ရေအခက်အခဲဖြစ်နေသည့် ပြည်သူများအား မြို့နယ်မီးသတ်ဦးစီးဌာနမှ ယမန်နေ့ညနေပိုင်းက   ပြည်သူ့အကျိုးပြု လုပ်ငန်းအဖြစ် သောက်သုံးရေများ လိုက်လံလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

သထုံတွင် စက်သုံးဆီအ‌ရောင်းဆိုင်များ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေး

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပွင့်လင်းရာသီကာလ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများပူးပေါင်းကာ မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်တို့အား ယမန်နေ့မွန်းလွဲပိုင်းက လိုက်လံစစ်ဆေးခဲ့ကြသည်။

မုဒုံမြို့၌ အသိပညာပေးနံရံကပ်ပိုစတာနှင့် စာအုပ်စာစောင်ပြသခြင်းဆောင်ရွက်

မွန်ပြည်နယ် မုဒုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျောင်းသား/သူ လူငယ်လူရွယ်များ အသိပညာဗဟုသုတများရရှိစေရန် နံရံကပ်ပိုစတာနှင့် စာအုပ်စာစောင်ပြသ ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်သည်။

ပေါင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် အသိပညာပေး ဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းကိုယနေ့‌နံနက် ( ၇ ) နာရီက ကဒါရပ်ကွက် ဓမ္မနုဂ္ဂဟကျောင်း၌ ပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၁၃၈၅ ခုနှစ်၊ မွန်ပြည်နယ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေး ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

၁၃၈၅ ခုနှစ်၊ မွန်ပြည်နယ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မုဒုံမြို့၌ လူငယ်များစဥ်းစားတွေးခေါ်မှုမြင့်မားစေရန် စစ်တုရင်ပြိုင်ပွဲကျင်းပ

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ စစ်တုရင်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က စတင်ကျင်းပခဲ့သည်။

ပေါင်မြို့နယ်၌စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောခြင်း၊နံရံကပ် စာစောင်ပြသခြင်းများဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့‌မွန်းလွဲ (၂) နာရီအချိန်က ကဒုံးစီးရပ်ကွက် ကဒုံးစီးတိုက်ကျောင်း၌ ပြုလုပ်ခဲ့သည်။
Subscribe to မွန်ပြည်နယ်