ပေါင်မြို့နယ်အတွင်း အခြေခံစာတတ်မြောက်ရေးအတွက် စာသင်ဝိုင်း (၃၈)ဝိုင်း ဖွင့်လှစ်သင်ကြားပေး
မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း အကြောင်းအမျိုးမျိုးကြောင့် မူလတန်းပညာ ပြီးဆုံးသည်ထိ မသင်ကြားခဲ့ရသူများ၊ စာမတတ်သူ၊ ကျောင်းမနေသူများ ပညာရေးနှင့်ရင်နှီးကျွမ်းဝင်ပြီး စာတတ်မြောက်ရေး မြှင့်တင်နိုင်ရေးအတွက် ဧပြီလ(၆)ရက်နေ့မှစတင်ကာ ကျေးရွာအုပ်စုပေါင်း (၁၈)စုတို့၌ စာသင်ဝိုင်း(၃၈)ဝိုင်း ဖွင့်လှစ်ကာ စာသင်သား(၅၇၀)ဦးတို့အား သင်ကြားပေးလျက်ရှိကြောင်း မြို့နယ်အဆင့် စာတတ်မြောက်ရေး ကြီးကြပ်မှုကော်မတီမှ သိရသည်။