မွန်ပြည်နယ်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မုဒုံမြို့ ယာဝဘောဇနကျောင်း ရေသိမ်တော်ရေစက်ချမင်္ဂလာအခမ်းအနားတက်ရောက်

မွန်ပြည်နယ်၊ မုဒုံမြို့နယ် ကန်ကြီးကန်ပတ်လမ်းရှိ ယာဝဘောဇနဘုန်းကြီးကျောင်း၏ ရေသိမ်တော် ရေစက်ချမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းကပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၄ ခုနှစ်၊ မွန်ပြည်နယ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား အသက် (၂၁)နှစ်အောက် ကလပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်

မွန်ပြည်နယ်တွင် မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေးနှင့်  အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးတို့ကို အလေးထားဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ မွန်ပြည်နယ် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလားကလပ်ပေါင်းစုံ ဖိတ်ခေါ်အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့၊ ညနေပိုင်းက မော်လမြိုင်မြို့၊ ကျောင်းသားအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။

ချောင်းဆုံမြို့နယ် ကမာမိုကျေးရွာ ဧည့်သည်ခေါ်ဘုရားပွဲတော်နှင့် (၄၉) ကြိမ်မြောက် ဘုရားဖူးနွားလှည်းယဉ်ကျေးမှုပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ရှေးအစဉ်အလာမပျက်ဧည့်သည်ခေါ် ဘုရားပွဲတော်များကို ဧပြီလ လဆန်းပိုင်းမှစတင်၍ တစ်ရွာတစ်ရက်ကျင်းပပြီး မွန်တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ဖြစ်သည့် ဘုရားဖူးနွားလှည်းယဉ်ကျေးမှုကို ထည့်သွင်းကျင်းပ ပြုလုပ်လျက်ရှိသည့် ကမာမိုကျေးရွာဘုရားပွဲ၌ ယမန်နေ့ ညနေပိုင်းက (၄၉) ကြိမ်မြောက် ဘုရားဖူးနွားလှည်း ယဉ်ကျေးမှုပြိုင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

သံဖြူဇရပ်မြို့၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေး

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားနိုင်ငံဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယမန်နေ့မှစတင်ထုတ်ပေးလျက်ရှိပြီး နေ့စဥ်နံနက် ၇ နာရီမှ မွန်းလွဲ ၂ နာရီအထိ ထုတ်ပေးလျက်ရှိသည်။

သံဖြူဇရပ်မြို၊ သန္တိသုခ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ လူငယ်အသိပညာပေးဟောပြောပွဲ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲပြသ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသား လူငယ်များအား လူငယ်အသိပညာပေး ဟောပြောခြင်း၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက သံဖြူဇရပ်မြို့၊ သန္တိသုခဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ပြုလုပ်သည်။

မွန်ပြည်နယ် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများ ပြည်နယ်ဝန်ကြီးချုပ်ထံမှ ဩဝါဒခံယူ

မွန်ပြည်နယ် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများ ပြည်နယ်ဝန်ကြီးချုပ်ထံမှ ဩဝါဒခံယူပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် မော်လမြိုင်မြို့အမှတ်(၆)အ‌ခြေခံပညာအထက်တန်းကျောင်းရတနာမွန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သထုံမြို့‌ပေါ်ရှိ ‌သောက်သုံးရေအခက်အခဲရှိရာ ရပ်ကွက်များသို့ အကြင်နာတွဲလက် လူမှုကူညီရေးအသင်းမှ ရေလှူဒါန်း

မွန်ပြည်နယ်၊ သထုံမြို့‌ပေါ်ရှိ ရေအခက်အခဲဖြစ်ရာ နေရာများသို့ အကြင်နာတွဲလက် လူမှုကူညီရေးအသင်းမှ ယနေ့ နံနက်က သောက်သုံးရေများ လိုက်လံလှူဒါန်းပေးခဲ့ကြောင်း အသင်းတာဝန်ရှိသူများထံမှ သိရသည်။

ပေါင်မြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းတို့ဖြင့် ရောင်းချပေးခြင်းတို့ကို ယနေ့နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူခန်းမ၌ ဆောင်ရွက်ခဲ့ကြသည်။

ကျိုက်မရောမြို့နယ်၊ ကြီးအုပ်-ညောင်ကုန်းလမ်း ကတ္တရာ ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး

နယ်စပ်ရေးရာဝန်ကြီးဌာနသည် နယ်စပ်ဒေသကျေးရွာများ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးဆောင်ရွက်ပေးလျက်ရှိရာ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ကျပ် ၄၂၅.၇၈၉သန်းဖြင့် ဆောင်ရွက်ခဲ့သော မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကြီးအုပ်-ညောင်ကုန်းလမ်း ၇ မိုင် ၄ ဖာလုံအနက် ၃ မိုင် ကတ္တရာ ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းမှာ သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ ရာနှုန်းပြည့်ပြီးစီးခဲ့ပြီဖြစ်သည်။

ကျိုက်ထိုမြို့‌နယ်မီးသတ်တပ်ဖွဲ့မှ တောင်ပိုင်းရပ်ကွက်ရှိ ပြည်သူများအား ရေသွားရောက်လှူဒါန်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ပေါ်ရှိ ရေအခက်အခဲဖြစ်သည့် တောင်ပိုင်းရပ်ကွက်ရှိ ပြည်သူများအား မြို့နယ်မီးသတ်တပ်ဖွဲ့မှ ယနေ့နံနက်ပိုင်းတွင် ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် သောက်သုံးရေများ လိုက်လံလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
Subscribe to မွန်ပြည်နယ်