မွန်ပြည်နယ်

မွန်ပြည်နယ် ဝန်ကြီးချုပ် စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်းများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနား တက်ရောက်

စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီးသည့်ပြည်သူ့စစ်မှုထမ်းများအား ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်းလက်မှတ်(ပုံစံ-၁၂) နှင့် ပြည်သူ့စစ်မှုထမ်းတံဆိပ်ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ဧပြီ ၁၁ ရက် နံနက်ပိုင်းက မော်လမြိုင်မြို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် အောင်ဆန်းခန်းမ၌ ကျင်းပ ပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ အမှတ်(၄)စစ်ဆင်ရေးအထူးအဖွဲ့မှူး၊ ပြည်နယ်ဝန်ကြီးများ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူးနှင့် အရာရှိများ၊ ပြည်သူ့စစ်မှုထမ်း စစ်သည်များ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း မြန်မာ့သက္ကရာဇ် ၁၃၈၇ ခုနှစ် အတာသင်္ကြန်အကြို ဂေါက်သီးရိုက်ပြိုင်ပွဲ ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်

မွန်ပြည်နယ်တွင် အများပြည်သူများ အသက်အရွယ်မရွေး ကိုယ်လက်လှုပ်ရှားအားကစား ဆောင်ရွက်နိုင်ရန် အားကစားနည်းအလိုက် ပြိုင်ပွဲများ ကျင်းပပြုခြင်းများ ဆောင်ရွက်လျက်ရှိရာ မြန်မာ့သက္ကရာဇ် ၁၃၈၇ ခုနှစ်ခုနှစ် အတာသင်္ကြန်အကြို ဂေါက်သီးရိုက်ပြိုင်ပွဲ ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ငန်းတေးဂေါက်ကလပ်တွင် ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ် ဝန်ကြီးချုပ်ဦး‌အောင်ဝင်းသန်း၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့၀င်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်ဂေါက်သီးရိုက် အားကစားသမားများ၊ ဖိတ်ကြားထားသည့် ဂေါက်သီးရိုက် အားကစားများ၊ ဝါသနာရှင်များ တက်ရောက်ခဲ့သည်။

မော်လမြိုင်မြို့နယ်၌ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲကျင်းပ

မွန်ပြည်နယ် မော်လမြိုင်မြို့နယ် မြိုင်သာယာရပ်ကွက်တွင် မြန်မာ့ရိုးရာ မဟာသင်္ကြန်ကာလ နှစ်ဦးအကြို သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ အစဉ်အလာမပြတ် ပူဇော်ကန်တော့ကြသည်။

သထုံမြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားစွာကျင်းပနိုင်ရေး ဗဟိုရေကစားမဏ္ဍပ်ကြီး ဆောက်လုပ်

မွန်ပြည်နယ်၊ သထုံမြို့တွင် ၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ခရိုင်အဆင့် ဗဟိုရေကစားမဏ္ဍပ်ကြီးအား ဆောက်လုပ်နေပြီး ရိုးရာသင်္ကြန်ယိမ်းပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ယိမ်းအဖွဲ့များ ကြိုတင်ပြင်ဆင်လေ့ကျင့်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပေါင်မြို့နယ်၌ အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေ

မွန်ပြည်နယ်၊‌ ပေါင်မြို့နယ်၌ အပူဒဏ်အန္တရယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့နံနက်ပိုင်းက လူစည်ကားရာလမ်းဆုံနှင့် ကဒါရပ်ကွက်၊ မင်္ဂလာဈေးတို့၌ ဆောင်ရွက်ခဲ့သည်။

ချောင်းဆုံမြို့နယ်၌ ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကာလ ဧည့်သည်ခေါ်ဘုရားပွဲတော်များကို အစဉ်အလာမပျက် ပြုလုပ်သွားမည်

မွန်ပြည်နယ် (ဘီလူးကျွန်း)၊ ချောင်းဆုံမြို့နယ်၌ ဧည့်သည်ခေါ်ဘုရားပွဲတော်များကို ရှေးနှစ်ပေါင်းများစွာကတည်းက နှစ်စဉ်ကျင်းပခဲ့ရာ ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကာလတွင် ဧည့်သည်ခေါ်ဘုရားပွဲတော်များ၊ စတုဒိသာကျွေးမွေးခြင်းများနှင့်အတူ မြန်မာရိုးရာလမ်းလျှောက်သင်္ကြန်ပွဲတော်ကိုလည်း ယဉ်ကျေးမှုနှင့်အညီ အစဉ်အလာမပျက် ထည့်သွင်းပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ကျင်းပရေးကော်မတီထံမှ သိရသည်။

ချောင်းဆုံမြို့နယ်၌ အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ပြည်သူများ အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်ရေးနိုင်ရေးအတွက် မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လမ်းကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယမန်နေ့က မြို့နယ်အတွင်းရှိ ဆေးရုံ၊ ဈေးနှင့် လူစည်ကားရာနေရာများ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

သထုံမြို့၊ ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမပေါ်၌ အပူဒဏ်အန္တရာယ်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပူပြင်းခြောက်သွေ့၍ နေ့အပူချိန်များမြင့်မားနေသည့်ကာလ၌ ပြည်သူများအနေဖြင့် အပူဒဏ်အန္တရာယ်သတိပြုကာကွယ်နိုင်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်‌ဝေလှုံ့ဆော်ခြင်းကို ယနေ့နံနက်ပိုင်းက သထုံမြို့၊ သုဝဏ္ဏဈေးအ‌ရှေ့၊ ရန်ကုန်-မော်လမြိုင်အဝေးပြေးကားလမ်းမပေါ်၌ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ကျိုက်မရောမြို့နယ်တွင် ပြည်သူလူထုအတွင်း အပူဒဏ်အန္တာရယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်ဇင်ထွန်း၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပြည်သူလူထုများအတွင်း အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို မြို့ပေါင်ရပ်ကွက်များအတွင်း အသိပညာပေးနှိုးဆော်ခြင်းလုပ်များကို ယမန်နေ့ နံနက်ပိုင်းက ကျိုက်မရောမြို့ Point စက်သုံးဆီဆိုင်နှင့် လူစည်ကားရာနေရာများ၌ အသိပညာပေးနှိုးဆော်ခဲ့ကြသည်။

ရေးမြို့နယ်၌ အပူဒဏ်အန္တရာယ်ကာကွယ်ရေး  အသိပညာပေး ကွင်းဆင်းဆောင်ရွက်

မွန်ပြည်နယ်၊ရေးမြို့နယ်၌ အပူဒဏ်အန္တရာယ်ကြောင့် မလိုလားအပ်သော ဆိုးကျိုးများ မဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ်ခြင်းအနေဖြင့်  အသိပညာပေးခြင်းများကို မတ် ၂၅ ရက်မှစ၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ရပ်ကွက်၊ ကျေးရွာများအလိုက် ကွင်းဆင်းဆောင်ရွက်သည်။
Subscribe to မွန်ပြည်နယ်