မွန်ပြည်နယ်

ကျိုက်ထိုမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှု‌ကြောင့် ကျိုက်ထီးရိုးတောင်တက်ကားလမ်းဘေး မြေသားပြိုကျမှုဖြစ်

မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်တွင် ယနေ့နံနက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆံတော်ရှင်ကျိုက်ထီးရိုး တောင်တက်ကားလမ်း၊ ကင်မွန်းချောင်းကျေးရွာမှ (၇)မိုင်(၆)ဖာလုံ၊ စခန်းလေးရေဆိပ်ကွေ့တွင် မြေသားပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အမှတ်စဉ် (၁/၂၀၂၄) နှင့် မွန်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အမှတ်စဉ် (၂/ ၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

မွန်ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အမှတ်စဉ် (၁/၂၀၂၄) နှင့် မွန်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အမှတ်စဉ် (၂/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၁၁ ရက်နေ့၊ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်သည် စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသည့် စီးပွားရေးကို အဓိကထားဆောင်ရွက်သည့် ​ပြည်နယ်တစ်ခုဖြစ်ပြီး လူတို့၏ နေ့စဉ်ဘဝတွင် စားရေရိက္ခာသည် အရေးကြီးပြီး

တိုင်းရင်းသားရေးရာ အသိပညာပေးခြင်းနှင့်ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအခမ်းအနား ကျင်းပ

တိုင်းရင်းသားရေးရာ အသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ မင်းရွာကျေးရွာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန မွန်ပြည်နယ် ညွှန်ကြားရေးမှူးရုံး၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦး၊ မြို့နယ်စီမံအုပ်ချပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မင်းရွာကျေးရွာအုပ်စုရှိ ဒေသခံတိုင်းရင်းသားလူမျိူးများ တက်ရောက်သည်။

ကျိုက်မရောမြို့နယ်တွင် စစ်ဆေးအကဲဖြတ်ခြင်းနှင့် မှတ်တမ်းတင်ခြင်း၏အရေးပါမှု (QCPR နှင့် CCPR) အလုပ်ရုံဆွေးနွေးပွဲဖွင့်လှစ်

မွန်ပြည်နယ်၊  ကျိုက်မရောမြို့နယ်တွင် စစ်ဆေးအကဲဖြတ်ခြင်းနှင့် မှတ်တမ်းတင်ခြင်း QCPR နှင့် CCPR မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက အ.ထ.က (ကျိုက်မရော) ပညာအားမာန်ခန်းမ၌  ပြုလုပ်ခဲ့သည်။

သထုံမြို့၊ မရမ်းချောင် အခြေခံပညာမူလတန်းလွန်ကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူး‌ပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများကို ယနေ့နံနက်ပိုင်းက သထုံမြို့၊ ဘင်လှိုင်ရပ်ကွက်ရှိ မရမ်းချောင် အခြေခံပညာမူလတန်းလွန်‌ကျောင်း၌ ဆောင်ရွက်ခဲ့ကြ‌သည်။

ပေါင်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲကျင်းပ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲပြုလုပ်ခြင်းကို ယနေ့နံနက်(၁၁)နာရီက အမက လွန်ကဒါကမ်းနားကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်ထိုမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်သူများအသင်း(Book Club)တို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းအဖြစ် စာရေးဆရာ ဒေါက်တာခင်မောင်ညို ရေးသားသည့် “လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း “စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန (Community Centre)၌ကျင်းပ ပြုလုပ်ခဲ့သည်။

သထုံမြို့နယ်၌ စပါးမျိုးစေ့ချကိရိယာ (Seeder) ဖြင့် စိုက်ပျိုးပြသခြင်း ဆောင်ရွက်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် စပါးမျိုးစေ့ချကိရိယာ(Seeder) ဖြင့် စိုက်နည်းစနစ်မှန်ကန်ရေး လက်တွေ့အစေ့ချစိုက်ပျိုးပြသခြင်းကို ယမန်နေ့နံနက်က ဆင်ဖြူကျွန်းကျေးရွာ တောင်သူတစ်ဦး၏ လယ်ယာမြေ၌ တာဝန်ရှိသူများ ပူးပေါင်းပြုလုပ်ခဲ့ကြသည်။

မုဒုံမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာ သင်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ရက်ကန်းနှင့်အသက်မွေးပညာ သင်တန်းကျောင်းတွင် ယနေ့ မွန်းလွဲ (၁) နာရီက စာသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို သင်တန်းကျောင်းခန်းမ၌ ပြုလုပ်သည်။

ပေါင်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး မတည်ရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး မတည်ရန်ပုံငွေပေးအပ်ပွဲအခမ်းအနားကို မြို့နယ်သမဝါယမအသင်းစု အစည်းအဝေးခန်းမ၌ ယနေ့နံနက်(၁၁)နာရီအချိန်က ပြုလုပ်ခဲ့သည်။
Subscribe to မွန်ပြည်နယ်